အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ ရရှိခဲ့ပြီး ဖြစ်

0
362

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခုနှစ်လအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အနေအထားအရ ငွေကြေး ရင်းနှီးမြှုပ်နှံမှု အမြောက်အများ အသုံးပြုရမယ့် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေရရှိခဲ့ပြီးဖြစ်တယ်လို့ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်ကပြောကြား လိုက်ပါတယ်။

15747423_1066651700129362_7536216333273993719_n

လာမယ့် ၂၀၁၇ ခုနှစ်အတွက် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ သုံးသပ်ဖော်ပြချက်မှာ အခုလို ပြောကြားလိုက်တာပါ။ အခြေခံအဆောက်အအုံတွေ ဖော်ဆောင်တဲ့ အခါမှာ ပုဂ္ဂလိကအပိုင်းနဲ့ နိုင်ငံတော်က ဖော်ဆောင်မယ့်အပိုင်းတွေကို စနစ်တကျဖော်ဆောင်သွားရမှာဖြစ်ပြီးငွေကြေးအနေနဲ့ အတက် အကျမ ဖြစ်သင့်ဘဲ မျှခြေရှိတဲ့ နှုန်းထားတွေ ထုတ်ကုန်ပစ္စည်းတစ်ခုကို အထောက်အကူပြုစေမယ့် နှုန်းထားတစ်ခု မှာတည်ငြိမ်မှုရှိရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလိုတည်ငြိမ်ဖို့ကိုလည်း တာဝန်သိ၊ တာဝန်ယူမှုရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ တစ်ဦးတစ်ယောက်ချင်း စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေ အားလုံးက ငွေကြေးထိခိုက်စေမယ့် ကိစ္စမျိုးကို တာဝန်သိစွာနဲ့ ရှောင်ရှားတတ်ဖို့ လိုတယ်လို့ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)