မင်းတပ်မှာ အကျဉ်းထောင်သစ် တည်ဆောက်နိုင်ခြင်း မရှိသေးဘူးလို့ ပြည်ထဲရေး ပြော

0
67

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ “ခ” အဆင့် အကျဉ်းထောင်သစ်ကို လက်ရှိမှာ တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ အမျိုးသားလွှတ်တေ်ာအစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)က ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် မေးမြန်းတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ အကျဉ်းထောင် ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့မှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်သူကေ ဖြေကြားခဲ့တာပါ။

အကျဉ်းဦးစီးဌာနအနေနဲ့ ချင်းပြည်နယ်အတွင်း ပြည်နယ်ဦးစီးမှူးရုံး(၁)ရုံးနဲ့ ဟားခါးအကျဉ်းထောင်သစ်ကို ဖွဲ့စည်းပုံအရ ဖွင့်လှစ်ဖို့ ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ကြောင်းနဲ့ (ခ)အဆင့်အကျဉ်းထောင်သစ်တစ်ခု တည် ဆောက်မယ်ဆိုပါက နိုင်ငံတော်အနေနဲ့ ခန့်မှန်းဘဏ္ဍာငွေ သန်း(၆၀၀၀)ခန့် ကုန်ကျမှာဖြစ်ပြီး တစ်ဆက်တည်း ပြန်ပြုမြေဧက (၅၀)ခန့်လိုအပ်ခြင်း၊ သောက်ရေ၊ သုံးရေလုံလောက်အောင် ထွက်ရှိနိုင်တဲ့ မြေနေရာဖြစ်ဖို့ လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


(ခ)အဆင့ြ အကဉွြးထောငသြဈ-ဟားခါးအကဉွြးထောငသြဈ တညဆြောကဖြို့ အဓိကလိုအပခြကွတြှနေဲ့ ကိုကညြီတဲ့ မှနရေောရရှိရေး ခငွြးပှညနြယအြစိုးရအဖှဲ့နဲ့ ညှိနှိုငြးဆောငရြှကသြှားမှာ ဖှဈကှောငြးနဲ့ အကဉွြး ထောငြ သဈတညဆြောကမြှုကို လကရြှိအခှအနေမှော ဆောငရြှကပြေးနိုငခြှငြး မရှိသေးကှောငြး ကိုလညြး ဗိုလခြွုပြ အောငသြူက ဖှကှေားခဲ့တာ ဖှဈပါတယြ။


ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ “ခ” အဆင့် အကျဉ်းထောင်သစ်ကို လက်ရှိမှာ တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ အမျိုးသားလွှတ်တေ်ာအစည်းအဝေးမှာ ချင်းပြည်နယ်  မဲဆန္ဒနယ် အမှတ်(၁၂)က ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် မေးမြန်းတဲ့ ချင်းပြည်နယ်  ဟားခါးမြို့မှာ အကျဉ်းထောင် ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့မှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်သူကေ ဖြေကြားခဲ့တာပါ။

အကျဉ်းဦးစီးဌာနအနေနဲ့ ချင်းပြည်နယ်အတွင်း ပြည်နယ်ဦးစီးမှူးရုံး(၁)ရုံးနဲ့  ဟားခါးအကျဉ်းထောင်သစ်ကို ဖွဲ့စည်းပုံအရ ဖွင့်လှစ်ဖို့ ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ကြောင်းနဲ့ (ခ)အဆင့်အကျဉ်းထောင်သစ်တစ်ခု တည် ဆောက်မယ်ဆိုပါက နိုင်ငံတော်အနေနဲ့  ခန့်မှန်းဘဏ္ဍာငွေ သန်း(၆၀၀၀)ခန့် ကုန်ကျမှာဖြစ်ပြီး တစ်ဆက်တည်း ပြန်ပြုမြေဧက (၅၀)ခန့်လိုအပ်ခြင်း၊ သောက်ရေ၊ သုံးရေလုံလောက်အောင် ထွက်ရှိနိုင်တဲ့ မြေနေရာဖြစ်ဖို့ လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

(ခ)အဆင့် အကျဉ်းထောင်သစ်-ဟားခါးအကျဉ်းထောင်သစ် တည်ဆောက်ဖို့ အဓိကလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့  မြေနေရာရရှိရေး ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အကျဉ်း ထောင် သစ်တည်ဆောက်မှုကို လက်ရှိအခြေအနေမှာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ကိုလည်း ဗိုလ်ချုပ် အောင်သူက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)