လူငယ္ေရးရာမူ၀ါဒဟာ လူငယ္ေတြကို အကာအကြယ္ေပးမႈ မရွိေသးလို႔ ေျပာဆို

0
1302

လူငယ္ေရးရာမူ၀ါဒဟာ လူငယ္ေတြကို အကာအကြယ္ေပးမႈ တစ္စံုတစ္ရာမရွိေသးဘူးလို႔ ရန္ကုန္လူငယ္ကြန္ရက္က ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလက ထုတ္ျပန္ေၾကာ္ျငာခ့ဲတ့ဲ လူငယ္ေရးရာမူ၀ါဒကို မဟာဗ်ဴဟာေရးဆြဲတာ တစ္ႏွစ္နီးပါး ၾကာျမင့္လာတ့ဲအထိ မူ၀ါဒထဲမွာပါရွိတ့ဲ အခ်က္ေတြနဲ႔အညီ လူငယ္ေတြကို အကာအကြယ္ေပးမႈေတြ တစ္စုံ တစ္ရာ မျပဳလုပ္ေသးဘဲ ရရွိၿပီးသား လူငယ္အခြင့္အေရးေတြ ဆုံး႐ႈံးေနတာရွိတယ္လို႔ ရန္ကုန္လူငယ္ကြန္ရက္ရဲ႕ ဥကၠဌ ကိုေဇလင္းမြန္က ေျပာပါတယ္။

Soundbite – ကိုေဇလင္းမြန္ (ဥကၠ႒) ရန္ကုန္လူငယ္ကြန္ရက္

ဒါ့အျပင္ လူငယ္မူ၀ါဒကို မဟာဗ်ဴဟာေရးဆြဲၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနေပမယ့္ ဒီလိုေရးဆြဲေနစဥ္အတြင္း လူငယ္မူ၀ါဒထဲက အခ်က္ေတြအတိုင္း ဌာနဆိုင္ရာက ေလးစားလိုက္နာဖို႔နဲ႔ လူငယ္မူ၀ါဒနဲ႔ ဆန္႔က်င္တ့ဲ ဥပေဒေတြကို ျပဳျပင္ေရးဆြဲတာေတြ တၿပိဳင္နက္လုပ္ေဆာင္သင့္တယ္လို႔လည္း ေျပာပါတယ္။

Soundbite – ကိုေဇလင္းမြန္ (ဥကၠ႒) ရန္ကုန္လူငယ္ကြန္ရက္

ဒီလို လူငယ္ေရးရာမူ၀ါဒထဲမွာပါ၀င္တ့ဲ အခ်က္အလက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ တစ္ႏိုင္ငံလုံးလႊမ္းၿခံဳႏိုင္တ့ဲ မဟာဗ်ဴဟာ ေရးဆြဲလုပ္ေဆာင္ေနၿပီး အ့ဲဒီမဟာဗ်ဴဟာ ထြက္ေပၚလာခ်ိန္မွာ အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ဖို႔ သက္ဆိုင္ရာ တိုင္းေဒသႀကီး/ျပည္နယ္ေတြက လူငယ္ေရးရာ ေကာ္မတီေတြက လုပ္ငန္းစီမံခ်က္ေတြ ေရးဆြဲေနပါတယ္ ခင္ဗ်ာ။

လူငယ်ရေးရာမူဝါဒဟာ လူငယ်တွေကို အကာအကွယ်ပေးမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ရန်ကုန်လူငယ်ကွန်ရက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ကြော်ငြာခဲ့တဲ့ လူငယ်ရေးရာမူဝါဒကို မဟာဗျူဟာရေးဆွဲတာ တစ်နှစ်နီးပါး ကြာမြင့်လာတဲ့အထိ မူဝါဒထဲမှာပါရှိတဲ့ အချက်တွေနဲ့အညီ လူငယ်တွေကို အကာအကွယ်ပေးမှုတွေ တစ်စုံ တစ်ရာ မပြုလုပ်သေးဘဲ ရရှိပြီးသား လူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတာရှိတယ်လို့ ရန်ကုန်လူငယ်ကွန်ရက်ရဲ့ ဥက္ကဌ ကိုဇေလင်းမွန်က ပြောပါတယ်။

Soundbite – ကိုဇေလင်းမွန် (ဥက္ကဋ္ဌ) ရန်ကုန်လူငယ်ကွန်ရက်

ဒါ့အပြင် လူငယ်မူဝါဒကို မဟာဗျူဟာရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပေမယ့် ဒီလိုရေးဆွဲနေစဉ်အတွင်း လူငယ်မူဝါဒထဲက အချက်တွေအတိုင်း ဌာနဆိုင်ရာက လေးစားလိုက်နာဖို့နဲ့ လူငယ်မူဝါဒနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေကို ပြုပြင်ရေးဆွဲတာတွေ တပြိုင်နက်လုပ်ဆောင်သင့်တယ်လို့လည်း ပြောပါတယ်။

Soundbite – ကိုဇေလင်းမွန် (ဥက္ကဋ္ဌ) ရန်ကုန်လူငယ်ကွန်ရက်

ဒီလို လူငယ်ရေးရာမူဝါဒထဲမှာပါဝင်တဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ မဟာဗျူဟာ ရေးဆွဲလုပ်ဆောင်နေပြီး အဲ့ဒီမဟာဗျူဟာ ထွက်ပေါ်လာချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တွေက လူငယ်ရေးရာ ကော်မတီတွေက လုပ်ငန်းစီမံချက်တွေ ရေးဆွဲနေပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)