အလုပ္ရွင္၊ အလုပ္သမား ဆက္ဆံေရးေကာင္းမြန္လာေစဖို႔ အသိပညာေပး ေဟာေျပာ

0
1307

အလုပ္ရွင္၊ အလုပ္သမား ဆက္ဆံေရးေကာင္းမြန္လာေအာင္ တည္ေဆာက္နုိင္ဖုိ႔ စက္မႈဇုန္ေတြက လုပ္ငန္းရွင္ေတြကုိ အသိပညာေပး ေဟာေျပာမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ျမန္မာနုိင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္းရဲ႕ ဥပေဒေရးရာေကာ္မတီကေန အလုပ္ရွင္၊ အလုပ္သမား၊ ဆက္ဆံေရး ေကာင္းမြန္ေအာင္ တည္ေဆာက္နုိင္ဖုိ႔ စက္မႈဇုန္ေတြက လုပ္ငန္းရွင္ေတြကုိ အသိပညာ ေပးေဟာေျပာမႈေတြကုိ ဒီဇင္ဘာလကုန္ ျပဳလုပ္သြားမွာ ျဖစ္တယ္လုိ အသင္းဥကၠ႒က ေျပာပါတယ္။

နုိ၀င္ဘာလ ၂၈ ရက္ေနက ရန္ကုန္ျမဳိ႕ ျမန္မာနုိင္ငံကုန္သည္မ်ားႏွင္႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ရုံးမွာ ျမန္မာနုိင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း ၂၃ ႀကိမ္ေျမာက္ အသင္းသားစုံညီႏွစ္ပတ္လည္အစည္းအေ၀းႏွင္႔ ၂၅ႏွစ္ျပည္႔ ေငြရတုအခမ္းအနားျပဳလုပ္ဖုိ႔ရွိေနတာနဲ႔ ပတ္သက္ျပီး သတင္းစာရွင္းလင္း ပြဲျပဳလုပ္ခဲ႔တာပါ။

Soundbite ေဒါက္တာေအာင္သိန္း (ဥကၠ႒)
ျမန္မာနုိင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း

ဒါအျပင္ အသင္းရဲ႕ ဥပေဒေရးရာေကာ္မတီကေန အလုပ္သမားေရးရာေတြကုိ အထူးျပဳေလ႔လာထားျပီး စက္မႈလုပ္ငန္းရွင္ေတြအေနနဲ႔ အလုပ္သမားဥပေဒမွာပါရွိတဲ႔ လုိက္နာရမယ္႔ စည္းကမ္းေတြ၊ ေနာက္ဆုံး ထုတ္ျပန္ထားတဲ႔ အေျခအေနေတြနဲ႔ အမိန္ညႊန္ၾကားခ်က္ သိရွိလုိက္နာရမယ္႔ ကိစၥေတြကုိ စက္မႈဇုန္ေတြအထိ ကြင္းဆင္းျပီး အသိပညာေပးေဟာေျပာသြားမွာလည္းျဖစ္ပါတယ္။

Soundbite ေဒါက္တာေအာင္သိန္း (ဥကၠ႒)
ျမန္မာနုိင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း

ျမန္မာနုိင္ငံ စက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း ၂၃ ႀကိမ္ေျမာက္ အသင္းသားစုံညီႏွစ္ပတ္လည္ အစည္း အေ၀းႏွင္႔ ၂၅ႏွစ္ျပည္႔ ေငြရတု အခမ္းအနားကုိ ဒီဇင္ဘာလ ၂၀ ရက္ေန႔ Novotel Hotel မွာ က်င္းပသြားလည္း ျဖစ္ပါတယ္ရွင္။

အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးကောင်းမွန်လာအောင် တည်ဆောက်နိုင်ဖို့ စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေကို အသိပညာပေး ဟောပြောမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းရဲ့ ဥပဒေရေးရာကော်မတီကနေ အလုပ်ရှင်၊ အလုပ်သမား၊ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေကို အသိပညာ ပေးဟောပြောမှုတွေကို ဒီဇင်ဘာလကုန် ပြုလုပ်သွားမှာ ဖြစ်တယ်လို အသင်းဥက္ကဋ္ဌက ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေက ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးမှာ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ၂၃ ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားပြုလုပ်ဖို့ရှိနေတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့တာပါ။

Soundbite ဒေါက်တာအောင်သိန်း (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း

ဒါအပြင် အသင်းရဲ့ ဥပဒေရေးရာကော်မတီကနေ အလုပ်သမားရေးရာတွေကို အထူးပြုလေ့လာထားပြီး စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားဥပဒေမှာပါရှိတဲ့ လိုက်နာရမယ့် စည်းကမ်းတွေ၊ နောက်ဆုံး ထုတ်ပြန်ထားတဲ့ အခြေအနေတွေနဲ့ အမိန်ညွှန်ကြားချက် သိရှိလိုက်နာရမယ့် ကိစ္စတွေကို စက်မှုဇုန်တွေအထိ ကွင်းဆင်းပြီး အသိပညာပေးဟောပြောသွားမှာလည်းဖြစ်ပါတယ်။

Soundbite ဒေါက်တာအောင်သိန်း (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ၂၃ ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်း အဝေးနှင့် ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ Novotel Hotel မှာ ကျင်းပသွားလည်း ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)