
0
742




 

<>>>>>>>>>>>>>>>>>>>>>>>>>

 

လှေစီးပြေးတဲ့ ဘင်္ဂါလီ ၉၃ ဦး စစ်တွေမြို့နယ် သဲချောင်းကမ်းခြေကို ပြန်လည်ရောက်ရှိ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် လောင်းလုံကမ်းခြေကို နိုဝင်ဘာလ ၂၅ ရက်နေ့က ဆိုက်ကပ်ရောက်ရှိလာခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးဟာ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီကျော်လောက်မှာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကမ်းခြေကို ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီလူတွေကို မှန်စီကျေးရွာ မုန်တိုင်းခိုအဆောက်အဦးမှာ ယာယီထားရှိသွားမှာဖြစ်ပါတယ်။

အဲဒီ ဘင်္ဂါလီတွေဟာ မလေးရှားကို လှေနဲ့သွားဖို့ သဲချောင်းကျေးရွာရှိ ပွဲစား ကော်ဗွီ အာမတ်ဆိုသူကို တစ်ဦးလျှင် ငါးသိန်းကျပ်နှုန်းနဲ့ ပေးခဲ့ရကြောင်း၊ စစ်ဆေးချက်တွေအရ ဘင်္ဂါလီတွေဟာ သဲကျောင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး တချို့မှာ White Card ရှိတယ်လို့လည်း မှုခင်းမှတ်တမ်းတွေမှာ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)