
0
687




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံနဲ့ အတူ စီပွားရေးကဏ္ဍ လက်တွဲလုပ်ကိုင်ဖို့ နီပေါနိုင်ငံကို အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

နီပေါနိုင်ငံ ရဲ့ ဝန်ကြီးချုပ် ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နီပေါ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေးကဏ္ဍမှာ လက်တွဲလုပ်ဆောင်ဖို့ နီပေါစီးပွားရေး အသိုင်းအဝိုင်းကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း သစ်တွေကို ရှာဖွေဖို့ နဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ငန်းတွေကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့တာပါ။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ လာရောက်ရင်း နှီးမြှုပ်နှံဖို့ အခုလ အစောပိုင်းမှာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်မှာ လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)