နှစ်လယ် ကျောက်မျက်ရတနာပြပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဖိုး နီးပါး ရောင်းရ

0
339

နေပြည်တော်မှာ ၁၀ ရက်ကြာ ကျင်းပခဲ့တဲ့ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး ရရှိခဲ့တယ်လို့ ကျောက်မျက်ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုကပါတယ်။

myanmar-gem

ပြပွဲမှာ ကျောက်မျက်အတွဲ ၄၄၀ နီးပါးနဲ့ ကျောက်စိမ်းအတွဲ ၆၀၀၀ နီးပါး ပါဝင်ပြသခဲ့ပြီး စုစုပေါင်း ကျောက်မျက် အတွဲ ၄၄ တွဲနဲ့ ကျောက်စိမ်းအတွဲ ၄၀၀၀ ကျော် ရောင်းချနိုင်ခဲ့တာပါ။

ပြပွဲမှာ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲနဲ့ ရတနာပစ္စည်း အရိုင်းထည်တွေကိုတော့ ယူရိုငွေကြေးနဲ့ ရောင်းချခဲ့တာပါ။ ကျောက်မျက်အတွဲနဲ့ ကျောက်စိမ်းအတွဲတွေတော့ လေလာစနစ်နဲ့ ရောင်းချတာတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၅ တုန်းက လုပ်တဲ့ ကျောက်မျက်ရတနာပြပွဲမှာတုန်းက ကျောက်စိမ်းအရိုင်းထည်အတွဲပေါင်း ၉၀၀၀ နီးပါးလောက် ပြသခဲ့ပြီး ဝင်ငွေလည်း အမေရိကန်ဒေါ်လာ သန်း ၁ ထောင်နီးပါး ရခဲ့ပါတယ်။ အခွန်စည်းကမ်းသစ်တွေရှိလာတာကြောင့် အခု နှစ်လယ် ကျောက်မျက်ရတနာပြပွဲကရတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ ဇူလိုင်တုန်းကထက် ဝင်ငွေနည်းတယ်လို့ ဦးသန်းဇော်ဦးက ပြောပါတယ်။

၂၀၁၆ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၂၀ ကနေ ၂၉ ရက်နေ့အထိကျင်းပခဲ့ပြီး ပြည်တွင်း ကျောက်မျက်ကုန်သည် ၁၇၅၀ နီးပါးနဲ့ ပြည်ပ ကျောက်မျက်ကုန်သည် ၁၈၀၀ နီးပါး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)