စင်ကာပူကို နှစ် ၂၀ အတွင်း အမီလိုက်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

0
304

မြန်မာနိုင်ငံအနေနဲ့ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို နှစ် ၂၀ ကာလအတွင်း အမီလိုက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

aung-san-suu-kyi

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ရောက်ရှိတဲ့ ခရီးစဉ်ပထမရက်အတွင်း IE Singapore’s Global Conversations မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“စင်ကာပူနိုင်ငံ လွတ်လပ်ရေးရခါစတုန်းက ဝန်ကြီးချုပ် လီကွမ်ယူက ပြောဖူးတယ်။ လာမယ့် နှစ် ၂၀ ကျရင် စင်ကာပူဟာ မြန်မာကို အမီလိုက်နိုင်လိမ့်မယ်တဲ့။ အခုတော့ အဲဒီဟာကို တစ်မျိုးပြောင်းပြီး “နှစ် ၂၀ ကာလအတွင်း မြန်မာဟာ စင်ကာပူကို ကျော်တက်နိုင်ပြီး ဒေသတွင်းကအစိတ်အပိုင်းတစ်ခု အောင်မြင်တာဟာ ဒေသတစ်ဝန်းလုံးရဲ့ အောင်မြင်မှုကို ကိုယ်စားပြုတာဖြစ်တဲ့အတွက် မိတ်ဆွေတို့ စင်ကာပူနိုင်ငံကလည်း ကျွန်မတို့ကို ကူညီကြလိမ့်မယ်”လို့ ပြောရမယ် ထင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ် သွားရောက်လည်ပတ်တာဖြစ်ပြီး နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ သုံးရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ ၂၈ ခုမြောက် ပမာဏအများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး စင်ကာပူကတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု တတိယအများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ လကုန်အထိမှာတော့ တရုတ်နိုင်ငံပြီးလျှင် စင်ကာပူက ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)