ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်သဘင် အထိမ်းအမှတ် တံဆိပ် ဒီဇိုင်းပြိုင်ပွဲ ဖိတ်ခေါ်

0
61

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းပြိုင်ပွဲအတွက် ဖိတ်ခေါ်ထားပါတယ်။ Logo ဒီဇိုင်းကို ရာပြည့်သဘင် ပွဲတော်ဆိုင်ရာ အခမ်းအနားတွေ၊ အထိမ်းအမှတ်စာစောင်နဲ့ မဂ္ဂဇင်းတွေ၊ အမှတ်တရ ပစ္စည်းတွေ ထုတ်ဝေရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

Logo ဒီဇိုင်းကို ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် ဦးတည်ချက်တွေ ဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုစေရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အရည်အသွေးရှိ တက္ကသိုလ်ပညာရေးကို ဖော်ဆောင်ရေး၊ လူ့စွမ်းအားရင်းမြစ် မွေးထုတ်ရေး၊ နိုင်ငံနဲ့ ကမ္ဘာ့ကောင်းကျိုး ဖြည့်ဆည်းပေးမယ် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ဖြစ်ရေးတို့ကို ထင်ဟပ်ရမှာ ဖြစ်ပါတယ်။   

Logo ဒီဇိုင်းဟာ ၁၀ လက်မ x ၁၂ လက်မ အရွယ်ဖြစ်ရမှာ ဖြစ်ပြီးလာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ရန်ကုန်တက္ကသိုလ်၊ ဝေသာလီဆောင်၊ သမိုင်းဌာနက ပါမောက္ခ ဒေါက်တာ ဇော်စိုးမင်းထံ ပေးပို့ရမှာပါ။ Logo ဒီဇိုင်းအတွက် ဆုငွေကတော့ ကျပ် ၅ သိန်း ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်သဘင် အထိမ်းအမှတ်တံဆိပ် ဒီဇိုင်းပြိုင်ပွဲ ဖိတ်ခေါ်


၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းပြိုင်ပွဲအတွက် ဖိတ်ခေါ်ထားပါတယ်။ Logo ဒီဇိုင်းကို ရာပြည့်သဘင် ပွဲတော်ဆိုင်ရာ အခမ်းအနားတွေ၊ အထိမ်းအမှတ်စာစောင်နဲ့ မဂ္ဂဇင်းတွေ၊ အမှတ်တရ ပစ္စည်းတွေ ထုတ်ဝေရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။


Logo ဒီဇိုင်းကို ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် ဦးတည်ချက်တွေ ဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုစေရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အရည်အသွေးရှိ တက္ကသိုလ်ပညာရေးကို ဖော်ဆောင်ရေး၊ လူ့စွမ်းအားရင်းမြစ် မွေးထုတ်ရေး၊ နိုင်ငံနဲ့ ကမ္ဘာ့ကောင်းကျိုး ဖြည့်ဆည်းပေးမယ် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ဖြစ်ရေးတို့ကို ထင်ဟပ်ရမှာ ဖြစ်ပါတယ်။


Logo ဒီဇိုင်းဟာ ၁၀ လက်မ x ၁၂ လက်မ အရွယ်ဖြစ်ရမှာ ဖြစ်ပြီးလာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ရန်ကုန်တက္ကသိုလ်၊ ဝေသာလီဆောင်၊ သမိုင်းဌာနက ပါမောက္ခ ဒေါက်တာ ဇော်စိုးမင်းထံ ပေးပို့ရမှာပါ။ Logo ဒီဇိုင်းအတွက် ဆုငွေကတော့ ကျပ် ၅ သိန်း ဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)