အလုပ္ရွင္ရဲ႕ ရတနာေတြ သိန္း ၆ ေထာင္ေက်ာ္ဖိုး ခိုးယူတဲ့ ယာဥ္ေမာင္း ဖမ္းမိ

0
738

အလုပ္ရွင္ ကားေပၚမွာ ထားခဲ့တဲ့ ေက်ာက္မ်က္ရတနာနဲ႔ ေရႊထည္ ေငြက်ပ္ ၆၃၄၄ သိန္းဖိုးကို ခိုးယူသြားခဲ့တဲ့ ယာဥ္ေမာင္းကို ဖမ္းမိခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕မွာ ေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးက ေအာက္တိုဘာလ ၂၆ ရက္ေန႔မွာ ကမာရြတ္ၿမိဳ႕နယ္ရွိ ႏိုဗိုတယ္ ဟိုတယ္မွာ တည္းခိုေနတဲ့ သူငယ္ခ်င္းျဖစ္သူဆီ သြားလည္ခဲ့ပါတယ္။ အဲဒီေနာက္ အိမ္အကူနဲ႔ ယာဥ္ေမာင္းျဖစ္သူ ေက်ာ္သူရတို႔ကို အိမ္ျပန္ၿပီး ေက်ာက္မ်က္ရတနာနဲ႔ ေရႊထည္ေတြ ယူခိုင္းၿပီး အိမ္အကူကို ရတနာေတြ ကားထဲမွာပဲ ထားခဲ့ဖို႔ မွာၾကားခဲ့ပါတယ္။

ဟိုတယ္က အျပန္မွာ ယာဥ္ေမာင္း ေက်ာ္သူရကိုေရာ ကားကိုပါ မေတြ႔ရေတာ့ဘဲ လက္ကိုင္ဖုန္းကလည္း စက္ပိတ္ထားတဲ့အတြက္ ကမာရြတ္ရဲစခန္းမွာ အမႈဖြင့္ခဲ့ပါတယ္။ ေအာက္တုိဘာ ၂၈ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္၊ အမွတ္ (၃) ရပ္ကြက္မွာ ေက်ာ္သူရကို ဖမ္းမိၿပီး ရတနာ လက္ဝတ္ပစၥည္းေတြကို ဖ်က္ေပး၊ ေရႊေတြကို အရည္ႀကိဳေပးသူ ေရႊပန္းတိမ္ဆရာ ေအာင္သူမ်ိဳး (ခ) သားႀကီးကိုလည္း ဖမ္းဆီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ရှင်ရဲ့ ရတနာတွေ သိန်း ၆ ထောင်ကျော်ဖိုး ခိုးယူတဲ့ ယာဉ်မောင်း ဖမ်းမိ

အလုပ်ရှင် ကားပေါ်မှာ ထားခဲ့တဲ့ ကျောက်မျက်ရတနာနဲ့ ရွှေထည် ငွေကျပ် ၆၃၄၄ သိန်းဖိုးကို ခိုးယူသွားခဲ့တဲ့ ယာဉ်မောင်းကို ဖမ်းမိခဲ့ပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကမာရွတ်မြို့နယ်ရှိ နိုဗိုတယ် ဟိုတယ်မှာ တည်းခိုနေတဲ့ သူငယ်ချင်း ဖြစ်သူဆီ သွားလည်ခဲ့ပါတယ်။ အဲဒီနောက် အိမ်အကူနဲ့ ယာဉ်မောင်းဖြစ်သူ ကျော်သူရတို့ကို အိမ်ပြန်ပြီး ကျောက်မျက်ရတနာနဲ့ ရွှေထည်တွေ ယူခိုင်းပြီး အိမ်အကူကို ရတနာတွေ ကားထဲမှာပဲ ထားခဲ့ဖို့ မှာကြားခဲ့ပါတယ်။

ဟိုတယ်က အပြန်မှာ ယာဉ်မောင်း ကျော်သူရကိုရော ကားကိုပါ မတွေ့ရတော့ဘဲ လက်ကိုင်ဖုန်းကလည်း စက်ပိတ်ထားတဲ့အတွက် ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှာ ကျော်သူရကို ဖမ်းမိပြီး ရတနာ လက်ဝတ်ပစ္စည်းတွေကို ဖျက်ပေး၊ ရွှေတွေကို အရည်ကြိုပေးသူ ရွှေပန်းတိမ်ဆရာ အောင်သူမျိုး (ခ) သားကြီးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)