နုိင္ငံေတာ္သမၼတ တာေမြမွာ ကုိယ္တုိင္ မဲေပးမယ္

0
555

နုိဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲမွာ နုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကုိယ္တုိင္ တာေမြၿမိဳ႕နယ္ မဲဆႏၵနယ္ေျမမွာ မဲေပးသြားဖုိ႔ စီစဥ္ေနတယ္လုိ႔ ေအာက္တုိဘာလ ၂၉ ရက္ေန႔က ေနျပည္ေတာ္ရွိ နုိင္ငံေတာ္သမၼတ အိမ္ေတာ္ သတင္းစာရွင္းလင္းခန္းမမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကုိ နုိင္ငံေတာ္အတုိင္ပင္ခံ႐ုံး ေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သမၼတႀကီးကေတာ္ကရဲ႕ အိမ္ေထာင္စုစာရင္းကလည္း အဲဒီမွာပဲရွိေတာ့ သမၼတႀကီးက အဲဒီ အိမ္ေထာင္စုစာရင္းမွာ ဝင္ေနတယ္၊ ဝင္ေနေတာ့ အဲဒီမွာမဲေပးဖို႔ေပါ့” ဟု ေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

အခုလာမယ့္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ လစ္လပ္မဲဆႏၵနယ္ ၁၃ ေနရာရွိၿပီး ႀကံ႕ခိုင္ဖံြ႔ၿဖိဳးေရးပါတီက ၁၀ ေနရာမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ လစ္လပ္မဲဆႏၵနယ္ ၁၃ ေနရာရွိၿပီး ႏိုင္ငံေရးပါတီ ၂၄ ပါတီက ကိုယ္စားလွယ္ေလာင္း ၆၂ ေယာက္နဲ႔ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ၇ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော်သမ္မတ တာမွေမှာ ကိုယ်တိုင် မဲပေးမယ်

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တာမွေမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲပေးသွားဖို့ စီစဉ်နေတယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သတင်းစာရှင်းလင်းခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ တာဖြစ်ပါတယ်။

“သမ္မတကြီးကတော်ကရဲ့ အိမ်ထောင်စုစာရင်းကလည်း အဲဒီမှာပဲရှိတော့ သမ္မတကြီးက အဲဒီအိမ်ထောင်စု စာရင်းမှာ ဝင်နေတယ်၊ ဝင်နေတော့ အဲဒီမှာမဲပေးဖို့ ပေါ့” ဟု ပြောရေးဆိုခွင့်ရှိသုူ ဦးဇော်ဌေးက ပြောပါတယ်။

အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ယောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)