မ႑ိဳင္ သံုးရပ္ အားနည္းလို႔ ျပည္ခိုင္ၿဖိဳး ၾကားျဖတ္မွာ ဝင္ၿပိဳင္တယ္လို႔ ဦးသန္းေဌး ေျပာ

0
807

အရပ္သား အစုိးရလက္ထက္ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးနဲ႔ ဥပေဒျပဳေရး မ႑ဳိင္ သုံးရပ္ ထိန္းေက်ာင္းမႈ အားနည္းလို႔ ျပည္ခိုင္ၿဖိဳးပါတီ ၾကားျဖတ္ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္တာ ျဖစ္တယ္လို႔ ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာပါတယ္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) အစုိးရအေနနဲ႔ အစုိးရသက္တမ္း သုံးႏွစ္နီးပါး ၾကာျမင့္ၿပီျဖစ္ေပမယ့္ ေရြးေကာက္ပြဲကာလက ေပးခဲ့တဲ့ အာမခံခ်က္ေတြကုိ ျပည္သူေတြ စိတ္တုိင္းက် မဖန္တီးေပးနုိင္ေသးဘူးလို႔လည္း မေန႔က ေအာက္တိုဘာ ၂၉ ရက္ တာေမြၿမိဳ႕နယ္၊ ဟစ္တုိင္ကြင္းမွာ ျပဳလုပ္တဲ့ မဲဆြယ္စည္း႐ံုးပြဲမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္ခုိင္ၿဖိဳးပါတီဟာ အေတြ႔အႀကံဳနဲ႔ အစုိးရဖြဲ႔ႏိုင္တဲ့ အင္အားႀကီးပါတီ ျဖစ္တာေၾကာင့္ ခံစားခ်က္ကုိ ဦးစားမေပးဘဲ လက္ေတြ႔အေျခအေနကုိ ၾကည့္ၿပီး မဲေပးဖုိ႔ သူက တုိက္တြန္းသြားပါတယ္။ အဲဒီမဲဆြယ္ပြဲမွာ တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးဝင္းေက်ာ္နဲ႔ ပါတီရဲ႕ ထိပ္ပိုင္း ေခါင္းေဆာင္ေတြ အပါအဝင္ ပါတီဝင္ ေထာင္နဲ႔ခ်ီ တက္ေရာက္ခဲ့ၾကပါတယ္။

ၾကားျဖတ္ေရြးေကာက္ပြဲမွာ တာေမြၿမိဳ႕နယ္ ကုိယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးဝင္းကလည္း ျပည္သူေတြအေပၚထားတဲ့ ေမတၱာခ်င္း ယွဥ္ၿပိဳင္သြားမယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မဏ္ဍိုင် သုံးရပ် အားနည်းလို့ ပြည်ခိုင်ဖြိုး ကြားဖြတ်မှာ ဝင်ပြိုင်တယ်လို့ ဦးသန်းဌေး ပြော

အရပ်သား အစိုးရလက်ထက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် သုံးရပ် ထိန်းကျောင်းမှု အားနည်းလို့ ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအနေနဲ့ အစိုးရသက်တမ်း သုံးနှစ်နီးပါး ကြာမြင့်ပြီဖြစ်ပေမယ့် ရွေးကောက်ပွဲကာလက ပေးခဲ့တဲ့ အာမခံချက်တွေကို ပြည်သူတွေ စိတ်တိုင်းကျ မဖန်တီးပေးနိုင်သေးဘူးလို့လည်း မနေ့က အောက်တိုဘာ ၂၉ ရက် တာမွေမြို့နယ်၊ ဟစ်တိုင်ကွင်းမှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီဟာ အတွေ့အကြုံနဲ့ အစိုးရဖွဲ့နိုင်တဲ့ အင်အားကြီးပါတီ ဖြစ်တာကြောင့် ခံစားချက်ကို ဦးစားမပေးဘဲ လက်တွေ့အခြေအနေကို ကြည့်ပြီး မဲပေးဖို့ သူက တိုက်တွန်းသွားပါတယ်။ အဲဒီမဲဆွယ်ပွဲမှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်နဲ့ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ အပါအဝင် ပါတီဝင် ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ တာမွေမြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကလည်း ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာချင်း ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)