ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြ မ႐ုပ္သိမ္းဖို႔ ျမန္မာ အလုပ္သမားအဖြဲ႔ေတြ တိုက္တြန္း

0
830

ဥေရာပ သမဂၢက ျမန္မာႏိုင္ငံကို ေပးထားတဲ့ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြကို မ႐ုပ္သိမ္းေရး ျပန္လည္ စဥ္းစားသံုးသပ္ေပးဖို႔ ျမန္မာ အလုပ္သမား အဖြဲ႔အစည္းေတြက တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနေတြကို ေလ့လာဖို႔ ဥေရာပသမဂၢက ေစလႊတ္လိုက္တဲ့ ေစာင့္ၾကည့္ေရး ကိုယ္စားလွယ္အဖြဲ႔ကို ျမန္မာ အလုပ္သမား အဖြဲ႔အစည္းေတြက တိုက္တြန္းတာ ျဖစ္ပါတယ္။ ဥေရာပ သမဂၢ ေစာင့္ၾကည့္ေရး ကိုယ္စားလွယ္အဖြဲ႔ဟာ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမား သမဂၢမ်ား အဖြဲ႔ခ်ဳပ္ (CTUM)၊ ျမန္မာႏိုင္ငံ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမား သမဂၢမ်ား အဖြဲ႔ခ်ဳပ္ (MICS)၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားႏွင့္ စိုက္ပ်ိဳးေရးအလုပ္သမား သမဂၢမ်ားအဖြဲ႔ခ်ဳပ္ (AFFM) တို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ ဥေရာပ သမဂၢရဲ႕ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြ ႐ုတ္သိမ္းမႈမ်ိဳးကို ေရွာင္ရွားႏုိင္လိမ့္မယ္ ေမွ်ာ္လင့္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ ဥေရာပ သံအမတ္ႀကီး မစၥတာ ခရစၥတီယန္ ရွမစ္က အခု ေအာက္တိုဘာလ အေစာပိုင္းမွာ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ မရုပ်သိမ်းဖို့ မြန်မာ အလုပ်သမားအဖွဲ့တွေ တိုက်တွန်း

ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို မရုပ်သိမ်းရေး ပြန်လည် စဉ်းစားသုံးသပ်ပေးဖို့ မြန်မာ အလုပ်သမား အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ဥရောပသမဂ္ဂက စေလွှတ်လိုက်တဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ အလုပ်သမား အဖွဲ့အစည်းတွေက တိုက်တွန်းတာ ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM) တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဥရောပ သမဂ္ဂရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုတ်သိမ်းမှုမျိုးကို ရှောင်ရှားနိုင်လိမ့်မယ် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး မစ္စတာ ခရစ္စတီယန် ရှမစ်က အခု အောက်တိုဘာလ အစောပိုင်းမှာ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)