အိႏၵိယႏုိင္ငံ ကမ္း႐ိုးတန္းေစာင့္သေဘၤာ ႏွစ္စီး ရန္ကုန္ကို အလည္အပတ္ေရာက္

0
698

အိႏၵိယ ကမ္း႐ိုးတန္းေစာင့္ သေဘၤာေတြျဖစ္တဲ့ ဆုေဂ်းနဲ႔ အန္မိုလ္ တို႔ဟာ ေအာက္တုိဘာလ ၃၀ ရက္ကေန နိုဝင္ဘာလ ၃ ရက္အထိ ရန္ကုန္ၿမိဳ႕ကို ခ်စ္ၾကည္ေရးခရီး လာေရာက္ေနပါတယ္။

အခု အလည္အပတ္ဟာ အိႏၵိယႏုိင္ငံနဲ႔ ျမန္မာႏိုင္ငံတို႔အၾကားရွိ ႏွစ္ႏုိင္ငံဆက္ဆံေရးကို ပိုမိုအားျဖည့္ခိုင္မာေစဖို႔ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဆုေဂ်းဟာ ကမ္းလြန္ကင္းလွည့္ သေဘၤာျဖစ္ၿပီး အရာရွိေတြနဲ႔ သဘၤာအမႈထမ္း ၁၀၀ ေက်ာ္ ပါရွိပါတယ္။ အမ္မိုလ္က လွ်င္ျမန္တဲ့ ကင္းလွည့္သေဘၤာျဖစ္ၿပီး သေဘၤာအမႈထမ္း ၄၀ ေက်ာ္ ပါရွိပါတယ္။

ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိစဥ္အတြင္း ဂါရျပဳ ေတြ႔ဆံုျခင္းေတြ၊ ျမန္မာ့တပ္မေတာ္ (ေရ) က အရာရွိေတြနဲ႔ ေရေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရွိ အရာရွိေတြနဲ႔ အျပန္အလွန္ ဆက္သြယ္ ေဆာင္ရြက္တာ၊ ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲနဲ႔ စိတ္ဝင္စားဖြယ္ ေနရာေတြကို လည္ပတ္တာေတြ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်သင်္ဘော နှစ်စီး ရန်ကုန်ကို အလည်အပတ်ရောက်

အိန္ဒိယ ကမ်းရိုးတန်းစောင့် သင်္ဘောတွေဖြစ်တဲ့ ဆုဂျေးနဲ့ အန်မိုလ် တို့ဟာ အောက်တိုဘာလ ၃၀ ရက်ကနေ နိုဝင်ဘာလ ၃ ရက်အထိ ရန်ကုန်မြို့ကို ချစ်ကြည်ရေးခရီး လာရောက်နေပါတယ်။

အခု အလည်အပတ်ဟာ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြားရှိ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားဖြည့်ခိုင်မာစေဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆုဂျေးဟာ ကမ်းလွန်ကင်းလှည့် သင်္ဘောဖြစ်ပြီး အရာရှိတွေနဲ့ သင်္ဘာအမှုထမ်း ၁၀ဝ ကျော် ပါရှိပါတယ်။ အမ်မိုလ်က လျှင်မြန်တဲ့ ကင်းလှည့်သင်္ဘောဖြစ်ပြီး သင်္ဘောအမှုထမ်း ၄၀ ကျော် ပါရှိပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိစဉ်အတွင်း ဂါရပြု တွေ့ဆုံခြင်းတွေ၊ မြန်မာ့တပ်မတော် (ရေ) က အရာရှိတွေနဲ့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရှိ အရာရှိတွေနဲ့ အပြန်အလှန် ဆက်သွယ် ဆောင်ရွက်တာ၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲနဲ့ စိတ်ဝင်စားဖွယ် နေရာတွေကို လည်ပတ်တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)