Great Well ဖိနပ္စက္႐ုံ အလုပ္သမားေတြ ေျပလည္မႈမရမခ်င္း ေတာင္းဆိုမယ္ (႐ုပ္/သံ)

0
1084

အလုပ္ထုတ္ခံရတ့ဲ Great Well ဖိနပ္စက္႐ုံ အလုပ္သမားေတြ ေျပလည္မႈမရမခ်င္း ေတာင္းဆိုသြားမယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ဇူလိုင္လက စတင္ကာ အေၾကာင္းျပခ်က္မရွိဘဲ အလုပ္ထုတ္ခံရတ့ဲ Great Well ဖိနပ္စက္႐ုံ လုပ္သားေတြက အျမန္ဆုံးေျဖရွင္းေပးႏိုင္ဖို႔ ေအာက္တိုဘာ ၂၉ ရက္က ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္မွာရွိတဲ့ ရန္ကုန္တိုင္းေဒသႀကီး အလုပ္သမား႐ုံးကို သြားေရာက္ေတာင္းဆိုခ့ဲပါတယ္။

အ့ဲဒီလို ေတာင္းဆိုတ့ဲအေပၚ အလုပ္သမား႐ုံးက တာဝန္ရွိသူေတြက အလုပ္ရွင္နဲ႔ေတြ႔ဆုံၿပီး ညိႇႏိႈင္းေျဖရွင္း ေပးမယ္လို႔ ကတိျပဳေျပာဆိုခ့ဲေပမယ့္ ေျပလည္မႈမရပါက ရသင့္ရထိုက္တ့ဲခံစားခြင့္ေတြကို ဆက္လက္ ေတာင္းဆိုသြားမယ္လို႔ ေျပာပါတယ္။

Soundbite- ကိုေဇာ္မင္းသိန္း (Great Well ဖိနပ္စက္႐ုံ အလုပ္သမား)

ဒါ့အျပင္ လုပ္ငန္းခြင္အတြင္း ဝင္ေရာက္ခြင့္မရတ့ဲ အလုပ္သမားေတြဟာ သပိတ္စခန္း ဖြင့္လွစ္ေတာင္းဆိုေနတာ ၾကာျမင့္ေနၿပီျဖစ္တယ္တ့ဲအတြက္ စား၀တ္ေနေရး အခက္အခဲေတြ ရင္ဆိုင္ေနရတာေတြရွိတာေၾကာင့္ အစိုးရတာဝန္ရွိသူေတြအေနနဲ႔ အျမန္ဆုံးေျဖရွင္းေပးေစလိုတယ္လို႔ ေျပာပါတယ္။

Soundbite- ကိုေဇာ္မင္းသိန္း (Great Well ဖိနပ္စက္႐ုံ အလုပ္သမား)

လုပ္ခလစာႏွင့္ နစ္နာေၾကးမရဘဲ အလုပ္က ထုတ္ပယ္ခံရတ့ဲ အလုပ္သမားေတြကို အလုပ္သမား႐ုံး တာဝန္ရွိသူေတြက ဒီရက္ပိုင္းအတြင္း လိႈင္သာယာစက္မႈဇုန္ ကေနာင္ခန္းမမွာ အလုပ္ရွင္နဲ႔ ထိပ္တိုက္ေတြ႔ဆုံၿပီး ညိႇႏိႈင္းေဆြးေႏြးေပးမယ့္အေၾကာင္း ကတိျပဳေျပာဆိုခဲ့တယ္လို႔ အလုပ္သမားေတြေျပာပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Great Well ဖိနပ်စက်ရုံ အလုပ်သမားတွေ ပြေလည်မှုမရမချင်း တောင်းဆိုမယ်

အလုပ်ထုတ်ခံရတဲ့ Great Well ဖိနပ်စက်ရုံ အလုပ်သမားတွေ ပြေလည်မှုမရမချင်း တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

ဇူလိုင်လက စတင်ကာ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရတဲ့ Great Well ဖိနပ်စက်ရုံ လုပ်သားတွေက အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရုံးကို သွားရောက်တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီလို တောင်းဆိုတဲ့အပေါ် အလုပ်သမားရုံးက တာဝန်ရှိသူတွေက အလုပ်ရှင်နဲ့တွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်း ပေးမယ်လို့ ကတိပြုပြောဆိုခဲ့ပေမယ့် ပြေလည်မှုမရပါက ရသင့်ရထိုက်တဲ့ခံစားခွင့်တွေကို ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

Soundbite- ကိုဇော်မင်းသိန်း (Great Well ဖိနပ်စက်ရုံ အလုပ်သမား)

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခွင့်မရတဲ့ အလုပ်သမားတွေဟာ သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေတာ ကြာမြင့်နေပြီဖြစ်တယ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတာတွေရှိတာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

Soundbite- ကိုဇော်မင်းသိန်း (Great Well ဖိနပ်စက်ရုံ အလုပ်သမား)

လုပ်ခလစာနှင့် နစ်နာကြေးမရဘဲ အလုပ်က ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်သမားရုံး တာဝန်ရှိသူတွေက ဒီရက်ပိုင်းအတွင်း လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမမှာ အလုပ်ရှင်နဲ့ ထိပ်တိုက်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပေးမယ့်အကြောင်း ကတိပြုပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)