
0
838




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ သိက္ခာရှိရှိ ရခိုင်ပြည်နယ် ပြန်ရတဲ့အထိ တိုက်မယ်လို့ ARSA ပြော

ဘင်္ဂါလီတွေ လုံခြုံစွာ နေရပ်ပြန်ခွင့်ပြုဖို့နဲ့ သူတို့ တောင်းဆိုတဲ့ လူ့အခွင့်အရေးတွေ ရတဲ့အထိ မြန်မာ တပ်မတော်ကို ဆန့်ကျင် တိုက်ခိုက်သွားမယ်လို့ ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဂျပန်သတင်းစာဖြစ်တဲ့ မိုင်နိချိ ရှင်ဘွန်းက အီးမေးလ်ပေးပို့ပြီး မေးမြန်းရာမှာ ARSA ခေါင်းဆောင် အတ်တာအူလာ အဘူ အမ်မာ ဂျူနူနီက အခုလို ဖြေကြားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ သူ့လူမျိုးတွေ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရရေး ကုလသမဂ္ဂနဲ့ တခြား အဖွဲ့အစည်းတွေကလည်း မြန်မာအစိုးရကို ဆက်လက် ဖိအားပေးဖို့ မျှော်လင့်ကြောင်းလည်း အတ်တာအူလာက ပြောပါတယ်။ အတ်တာအူလာပြောတဲ့ ဂုဏ်သိက္ခာရှိစွာ ဆိုတာမှာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား ပေးဖို့နဲ့ မူလနေထိုင်သူတွေအဖြစ် အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)