Reuters သတင္းေထာက္ ႏွစ္ဦး အမႈ အယူခံ ဝင္မယ္

0
689

အစိုးရလွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ေထာင္ဒဏ္ ခုနစ္ႏွစ္ ခ်မွတ္ခံထားရတဲ့ Reuters သတင္းေထာက္ႏွစ္ဦးဟာ ဒီ သီတင္းပတ္အတြင္းမွာ အယူခံဝင္မွာ ျဖစ္တယ္လို႔ သူတို႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

ကိုဝလံုး (၃၂ ႏွစ္) နဲ႔ ကိုေက်ာ္စိုးဦး (၂၈ ႏွစ္) တို႔ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က အယူခံဝင္ဖို႔ ေနာက္ဆံုးရက္ျဖစ္တဲ့ လာမယ့္ စေနေန႔ မတိုင္ခင္ အကုန္လံုး အဆင္သင့္ ျဖစ္ေနၿပီလို႔ ေျပာပါတယ္။

Reuters သတင္းေထာက္ေတြ အမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက ျပစ္တင္ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အမႈရင္ဆိုင္ေနစဥ္အတြင္းမွာ ဝင္ေရာက္စြက္ဖက္ဖို႔ ျငင္းဆိုခဲ့ၿပီး အမိန္႔ခ်မွတ္လိုက္ေပမယ့္ အယူခံ ဝင္ႏိုင္ေသးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက် နှစ်ဦး အမှု အယူခံ ဝင်မယ်

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးဟာ ဒီ သီတင်းပတ်အတွင်းမှာ အယူခံဝင်မှာ ဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

ကိုဝလုံး (၃၂ နှစ်) နဲ့ ကိုကျော်စိုးဦး (၂၈ နှစ်) တို့ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က အယူခံဝင်ဖို့ နောက်ဆုံးရက်ဖြစ်တဲ့ လာမယ့် စနေနေ့ မတိုင်ခင် အကုန်လုံး အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။

Reuters သတင်းထောက်တွေ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုရင်ဆိုင်နေစဉ် အတွင်းမှာ ဝင်ရောက်စွက်ဖက်ဖို့ ငြင်းဆိုခဲ့ပြီး အမိန့်ချမှတ်လိုက်ပေမယ့် အယူခံ ဝင်နိုင်သေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)