တကသ ေျမေနရာေဟာင္းကို အေမြအႏွစ္ေနရာ အျဖစ္ သတ္မွတ္ဖို႔ ေတာင္းဆို

0
361

၁၉၆၂ ခုႏွစ္တုန္းက ေဖာက္ခြဲ ၿဖိဳခ်ခံခဲ့ရတဲ့ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ အေဆာက္အဦ ေျမေနရာမွာ ဘာမွ ေဆာက္လုပ္ခြင့္မေပးဘဲ သမိုင္းဆိုင္ရာ အေမြအႏွစ္ေနရာအျဖစ္ အစိုးရက တရားဝင္ အသိအမွတ္ျပဳေပးဖို႔ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႔ခ်ဳပ္ (ေအာက္ဗမာျပည္) ၁၉၈၉-၉၂ မ်ိဳးဆက္က သေဘာထား ထုတ္ျပန္ထားပါတယ္။

တကသ အေဆာက္အဦး မေဆာက္လုပ္ခင္မွာ ေက်ာင္းသားသမဂၢေတြ တရားဝင္ တည္ရွိခြင့္၊ ဖြဲ႔စည္းခြင့္၊ လႈပ္ရွားေဆာက္ရြက္ခြင့္ေတြကို ပညာေရးဥပေဒမွာ ေဖာ္ျပၿပီး လႊတ္ေတာ္က အတည္ျပဳေပးရမွာ ျဖစ္သလို ျပည္ေထာင္စု အစိုးရက အာမခံခ်က္ကို ယာယီေၾကညာေပးရမယ္လို႔ ေအာက္တိုဘာ ၃၀ ရက္ေန႔က ထုတ္ျပန္တဲ့ သေဘာထား ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တကသ ေျမေနရာေဟာင္းက က်ဴးေက်ာ္ယာယီတဲေတြကို ဖယ္ရွားရွင္းလင္းေပးဖို႔နဲ႔ သမိုင္းဝင္ေျမေနရာအျဖစ္ သတ္မွတ္ကာ အထိမ္းအမွတ္ ကမၸည္းမွတ္တိုင္ စိုက္ထူၿပီး ယခင္အတိုင္းထားဖို႔၊ တကသ အေဆာက္အဦး တည္ေဆာက္ျခင္းကို ေက်ာင္းသားေတြက မူအားျဖင့္ သေဘာတူ လက္ခံထားေပမယ့္ ျပန္လည္ တည္ေဆာက္မယ့္ တကသ အေဆာက္အဦး ကိုေတာ့ မူလေနရာ မဟုတ္ဘဲ ရန္ကုန္တကၠသိုလ္ ပရ၀ုဏ္အတြင္း သီးျခားေနရာ တစ္ခုမွာ ေဆာက္လုပ္ရမယ္လို ေတာင္းဆိုထားပါတယ္။
…………………….. ။ ။ …………………….
တကသ မြေနေရာဟောင်းကို အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ဖို့ တောင်းဆို

၁၉၆၂ ခုနှစ်တုန်းက ဖောက်ခွဲ ဖြိုချခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦး မြေနေရာမှာ ဘာမှ ဆောက်လုပ်ခွင့် မပေးဘဲ သမိုင်းဆိုင်ရာ အမွေအနှစ်နေရာအဖြစ် အစိုးရက တရားဝင် အသိအမှတ်ပြုပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အောက်ဗမာပြည်) ၁၉၈၉-၉၂ မျိုးဆက်က သဘောထား ထုတ်ပြန်ထားပါတယ်။

တကသ အဆောက်အဦး မဆောက်လုပ်ခင်မှာ ကျောင်းသားသမဂ္ဂတွေ တရားဝင် တည်ရှိခွင့်၊ ဖွဲ့စည်းခွင့်၊ လှုပ်ရှားဆောက်ရွက်ခွင့်တွေကို ပညာရေးဥပဒေမှာ ဖော်ပြပြီး လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်သလို ပြည်ထောင်စု အစိုးရက အာမခံချက်ကို ယာယီကြေညာပေးရမယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ သဘောထား ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တကသ မြေနေရာဟောင်းက ကျူးကျော်ယာယီတဲတွေကို ဖယ်ရှားရှင်းလင်းပေးဖို့နဲ့ သမိုင်းဝင်မြေနေရာအဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် ကမ္ပည်းမှတ်တိုင် စိုက်ထူပြီး ယခင်အတိုင်းထားဖို့၊ တကသ အဆောက်အဦး တည်ဆောက်ခြင်းကို ကျောင်းသားတွေက မူအားဖြင့် သဘောတူ လက်ခံထားပေမယ့် ပြန်လည် တည်ဆောက်မယ့် တကသ အဆောက်အဦး ကိုတော့ မူလနေရာ မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း သီးခြားနေရာ တစ်ခုမှာ ဆောက်လုပ်ရမယ်လို တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)