ဇူလိုင္ ၇ သမိုင္းျဖစ္ရပ္မွန္ စံုစမ္းေရးအဖြဲ႕ ဖြဲ႕ေပးဖုိ႔ ေတာင္းဆို

0
388

၁၉၆၂ ခုႏွစ္ ဇူလိုင္လ ၇ ရက္ေန႔မွာ ေသဆံုးခဲ့ရတဲ့ ေက်ာင္းသားေတြ စာရင္းနဲ႔ အဲဒီျဖစ္ရပ္အတြက္ သမိုင္းျဖစ္ရပ္မွန္ စံုစမ္းေရး အဖြဲ႔ဖြဲ႔ၿပီး ေဖာ္ထုတ္ေပးဖို႔ အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။

ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႔ခ်ဳပ္ (ေအာက္ဗမာျပည္) ၁၉၈၉-၉၂ မ်ိဳးဆက္က သေဘာထား ေၾကညာခ်က္ ထုတ္ျပန္ၿပီး ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ တကသ အေဆာက္အဦးေနရာ ေျမကြက္လပ္ဟာ ေက်ာင္းသားပိုင္ ျဖစ္ၿပီး အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးအတြက္ အေပးအယူ လုပ္ရမယ့္ အရာတစ္ခု မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗံုးခြဲ ၿဖိဳခ်ခံရတဲ့ တကသ အေဆာက္အဦး ေျမေနရာမွာ အေဆာက္အဦးသစ္ ျပန္လည္ ေဆာက္လုပ္ဖို႔ အစိုးရက စီစဥ္ခဲ့ေပမယ့္ ေက်ာင္းသားေတြက ကန္႔ကြက္ခဲ့ပါတယ္။ လက္ရွိမွာ တကသ အေဆာက္အဦး ျပန္လည္ တည္ေဆာက္ေရးကို မူအားျဖင့္ လက္ခံထားေပမယ့္ ေက်ာင္းသားသမဂၢေတြ တရားဝင္ ရပ္တည္ခြင့္ရေရး ဦးစြာေဆာင္ရြက္ဖို ့ေက်ာင္းသားေတြက ေတာင္းဆိုထားပါတယ္။
…………………. ။ ။ ………………………

ဇူလိုင် ၇ သမိုင်းဖြစ်ရပ်မှန် စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးဖို့ တောင်းဆို

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေ စာရင်းနဲ့ အဲဒီဖြစ်ရပ်အတွက် သမိုင်းဖြစ်ရပ်မှန် စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အောက်ဗမာပြည်) ၁၉၈၉-၉၂ မျိုးဆက်က သဘောထား ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တကသ အဆောက်အဦးနေရာ မြေကွက်လပ်ဟာ ကျောင်းသားပိုင် ဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အပေးအယူ လုပ်ရမယ့် အရာတစ်ခု မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံးခွဲ ဖြိုချခံရတဲ့ တကသ အဆောက်အဦး မြေနေရာမှာ အဆောက်အဦးသစ် ပြန်လည် ဆောက်လုပ်ဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် ကျောင်းသားတွေက ကန့်ကွက်ခဲ့ပါတယ်။ လက်ရှိမှာ တကသ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးကို မူအားဖြင့် လက်ခံထားပေမယ့် ကျောင်းသားသမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့်ရရေး ဦးစွာဆောင်ရွက်ဖို ့ကျောင်းသားတွေက တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)