SME အတြက္ ေငြက်ပ္ ဘီလီယံ သန္း ၃ဝဝ အစိုးရထုတ္ေခ်း

0
367

အစိုးရျမန္မာ့စီးပြားေရးဘဏ္ကေန အေသးစားအလတ္စား စီးပြားေရး လုပ္ငန္းSME က႑ အတြက္ ေငြက်ပ္ ဘီလီယံ သန္း ၃ဝဝ အပါအ၀င္ စီးပြားေရး လုပ္ငန္း က႑ႀကီး သံုးခုအတြက္ ေငြက်ပ္ ဘီလီယံ သန္း ၇ဝဝ စတင္ထုတ္ေခ်းေပးေနျပီလို႔ စီမံကိန္း ႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္ဝင္း က ေျပာပါတယ္။

သူက ”စီးပြားေရး လုပ္ငန္းက႑ေတြ ပိုမို ဖြံ႕ၿဖိဳးလာေစဖို႔ ျမန္မာ့ စီးပြားေရးဘဏ္ ကေနၿပီး ေငြက်ပ္ ဘီလီယံ သန္း ၇ဝဝ စတင္ ထုတ္ေခ်း ေပးေနပါၿပီ။ လယ္ယာ က႑အတြက္ ေငြက်ပ္ ဘီလီယံ သန္း ၂ဝဝ၊ SME က႑ အတြက္ ေငြက်ပ္ ဘီလီယံ သန္း ၃ဝဝ နဲ႔ တည္ေဆာက္ေရး နဲ႔ တျခား က႑အတြက္ ေငြက်ပ္ ဘီလီယံ သန္း ၂ဝဝ ထုတ္ေခ်း ေပးမွာ ပါ”လို႔ ေျပာလိုက္တာ ျဖစ္ေၾကာင္း ၀န္ၾကီးဌာနသတင္းမွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအတြက္လည္း ၿမိဳ႕ျပနဲ႔ အိမ္ရာ ဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ျမန္မာ့ စီးပြားေရး ဘဏ္တို႔ကေန ေငြထုတ္ေခ်းေပးမွာ ျဖစ္ပါတယ္။
…………………. ။ ။ ………………….

SME အတွက် ငွေကျပ် ဘီလီယံ သန်း ၃ဝဝ အစိုးရထုတ်ချေး

အစိုးရမြန်မာ့စီးပွားရေးဘဏ်ကနေ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းSME ကဏ္ဍ အတွက် ငွေကျပ် ဘီလီယံ သန်း ၃ဝဝ အပါအဝင် စီးပွားရေး လုပ်ငန်း ကဏ္ဍကြီး သုံးခုအတွက် ငွေကျပ် ဘီလီယံ သန်း ၇ဝဝ စတင်ထုတ်ချေးပေးနေပြီလို့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။

သူက ”စီးပွားရေး လုပ်ငန်းကဏ္ဍတွေ ပိုမို ဖွံ့ဖြိုးလာစေဖို့ မြန်မာ့ စီးပွားရေးဘဏ် ကနေပြီး ငွေကျပ် ဘီလီယံ သန်း ၇ဝဝ စတင် ထုတ်ချေး ပေးနေပါပြီ။ လယ်ယာ ကဏ္ဍအတွက် ငွေကျပ် ဘီလီယံ သန်း ၂ဝဝ၊ SME ကဏ္ဍ အတွက် ငွေကျပ် ဘီလီယံ သန်း ၃ဝဝ နဲ့ တည်ဆောက်ရေး နဲ့ တခြား ကဏ္ဍအတွက် ငွေကျပ် ဘီလီယံ သန်း ၂ဝဝ ထုတ်ချေး ပေးမှာ ပါ”လို့ ပြောလိုက်တာ ဖြစ်ကြောင်း ဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက်လည်း မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နဲ့ မြန်မာ့ စီးပွားရေး ဘဏ်တို့ကနေ ငွေထုတ်ချေးပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)