ေတာင္ႀကီးၿမိဳ႕မွာ မီးပံုပ်ံ ယမ္းစပ္ရာက မီးေလာင္

0
368

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ခ်မ္းျမသာစည္ရပ္ကြက္မွာ မေန႔က ေအာက္တိုဘာ ၂၉ ရက္ေန႔မွာ မီးပံုပ်ံအတြက္ ယမ္းစပ္ရာကေန မီးေလာင္ၿပီး ေနအိမ္ ၆ လံုး မီးေလာင္ကြ်မ္းခဲ့ပါတယ္။

မီးပံုပ်ံဆရာ ေအာင္ငဲ (ခ) စိုးႏိုင္ေလးက မီးပံုပ်ံအတြက္ ယမ္းစပ္ရာကေန မီးေလာင္တာျဖစ္ၿပီး တန္ဖိုး က်ပ္ သိန္း ၂၀၀ နီးပါး ဆံုး႐ံႈးပါတယ္။ မီးေလာင္မႈေၾကာင့္ ေအာင္ငဲရဲ႕ ဒဏ္ရာက စိုးရိမ္ရၿပီး ၿဖိဳးသက္ေမာင္နဲ႔ တျခား ၂ ဦးကေတာ့ မျပင္းထန္တဲ့ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

မီးကူညီ ၿငိမ္းသတ္တဲ့ ဦးေအာင္ႀကီးကေတာ့ မ်က္လံုးႏွစ္ဖက္ မီးဟပ္ခံရၿပီး မစိုးရိမ္ရပါဘူး။ ေရႊေညာင္ မီးသတ္ယာဥ္ ေမာင္းႏွင္လာတဲ့ ဦးေမာင္ေမာင္တင္ (၆၈ ႏွစ္) ကေတာ့ မီးၿငိွမ္းသတ္စဥ္ ေအာက္စီဂ်င္ ျပတ္ေတာက္ၿပီး ေသဆံုးသြားပါတယ္။
……………………. ။ ။ ………………………

တောင်ကြီးမြို့မှာ မီးပုံပျံ ယမ်းစပ်ရာက မီးလောင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ မနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာ မီးပုံပျံအတွက် ယမ်းစပ်ရာကနေ မီးလောင်ပြီး နေအိမ် ၆ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးပုံပျံဆရာ အောင်ငဲ (ခ) စိုးနိုင်လေးက မီးပုံပျံအတွက် ယမ်းစပ်ရာကနေ မီးလောင်တာဖြစ်ပြီး တန်ဖိုး ကျပ် သိန်း ၂၀ဝ နီးပါး ဆုံးရှုံးပါတယ်။ မီးလောင်မှုကြောင့် အောင်ငဲရဲ့ ဒဏ်ရာက စိုးရိမ်ရပြီး ဖြိုးသက်မောင်နဲ့ တခြား ၂ ဦးကတော့ မပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မီးကူညီ ငြိမ်းသတ်တဲ့ ဦးအောင်ကြီးကတော့ မျက်လုံးနှစ်ဖက် မီးဟပ်ခံရပြီး မစိုးရိမ်ရပါဘူး။ ရွှေညောင် မီးသတ်ယာဉ် မောင်းနှင်လာတဲ့ ဦးမောင်မောင်တင် (၆၈ နှစ်) ကတော့ မီးငြှိမ်းသတ်စဉ် အောက်စီဂျင် ပြတ်တောက်ပြီး သေဆုံးသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)