၆၃ ႀကိမ္ေျမာက္ မဲေခါင္ ပူးတြဲကင္းလွည့္ေရး ၿပီးဆံုး

0
392

မဲေခါင္ျမစ္အတြင္း တရားဥပေဒ စိုးမိုးေရးအတြက္ တ႐ုတ္၊ လာအို၊ ျမန္မာနဲ႔ ထိုင္းႏိုင္ငံတို႔ ၆၃ ႀကိမ္ေျမာက္ ပူးတြဲကင္းလွည့္တဲ့ အစီအစဥ္ မေန႔က ေအာက္တိုဘာ ၂၉ မွာ ၿပီးဆံုးသြားၿပီ ျဖစ္ပါတယ္။

ႏိုင္ငံ ေလးႏိုင္ငံက ေရတပ္သေဘၤာ ခုႏွစ္စီး လူအင္အား ၁၆၃ ဦး ပါဝင္တဲ့ ပူးတြဲကင္းလွည့္မႈဟာ ေအာက္တိုဘာ ၂၆ ရက္ေန႔က စတင္ခဲ့တာ ျဖစ္ပါတယ္။ ပူးတြဲကင္းလွည့္မႈအတြင္း မဲေခါင္ျမစ္အတြင္း လံုၿခံဳေရးနဲ႔ ဇလေဗဒဆိုင္ရာ အေျခအေနေတြကို ဆယ္မီနာ က်င္းပခဲ့ပါေသးတယ္။

ဒီလို ပူးတြဲကင္းလွည့္မႈမ်ိဳးကို တ႐ုတ္ ကုန္သေဘၤာ ႏွစ္စီး စီးနင္းခံရၿပီး တ႐ုတ္သေဘၤာသား ၁၃ ဦး အသတ္ခံရၿပီးေနာက္ ၂၀၁၁ ခုႏွစ္က စတင္ၿပီး ျပဳလုပ္လာတာ ျဖစ္ပါတယ္။ ဒီလို ပူးတြဲ ကင္းလွည့္မႈေၾကာင့္ မဲေခါင္ျမစ္တေလွ်ာက္ ေနထိုင္သူေတြနဲ႔ သေဘၤာေတြရဲ႕ လံုၿခံဳမႈ ပိုမို ေကာင္းမြန္လာပါတယ္။
………………….. ။ ။ ……………………..

၆၃ ကြိမ်မြောက် မဲခေါင် ပူးတွဲကင်းလှည့်ရေး ပြီးဆုံး

မဲခေါင်မြစ်အတွင်း တရားဥပဒေ စိုးမိုးရေးအတွက် တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ ၆၃ ကြိမ်မြောက် ပူးတွဲကင်းလှည့်တဲ့ အစီအစဉ် မနေ့က အောက်တိုဘာ ၂၉ မှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

နိုင်ငံ လေးနိုင်ငံက ရေတပ်သင်္ဘော ခုနှစ်စီး လူအင်အား ၁၆၃ ဦး ပါဝင်တဲ့ ပူးတွဲကင်းလှည့်မှုဟာ အောက်တိုဘာ ၂၆ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။ ပူးတွဲကင်းလှည့်မှုအတွင်း မဲခေါင်မြစ်အတွင်း လုံခြုံရေးနဲ့ ဇလဗေဒဆိုင်ရာ အခြေအနေတွေကို ဆယ်မီနာ ကျင်းပခဲ့ပါသေးတယ်။

ဒီလို ပူးတွဲကင်းလှည့်မှုမျိုးကို တရုတ် ကုန်သင်္ဘော နှစ်စီး စီးနင်းခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် ၂၀၁၁ ခုနှစ်က စတင်ပြီး ပြုလုပ်လာတာ ဖြစ်ပါတယ်။ ဒီလို ပူးတွဲ ကင်းလှည့်မှုကြောင့် မဲခေါင်မြစ်တလျှောက် နေထိုင်သူတွေနဲ့ သင်္ဘောတွေရဲ့ လုံခြုံမှု ပိုမို ကောင်းမွန်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)