
0
316




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်္ဂလန်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲနဲ့ အလှူငွေ ပေးအပ်ပွဲကျင်းပ

အင်္ဂလန်ရောက် မြန်မာများ၊ အထူးသဖြင့် ဆရာဝန်များ အဖွဲ့က ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်မှုကို ရပ်တည်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို မနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်ရှေ့၊ ပါလီမန် အဆောက်အအုံရှေ့နဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးရုံးရှေ့တို့မှာ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ( UEHRD) အတွက်လည်း အလှူငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)