အျမန္လမ္းေပၚ ယာဥ္မေတာ္တဆမႈ ႏွစ္ခုျဖစ္၊ တစ္ဦးေသၿပီး ၁၇ ဦး ဒဏ္ရာရ

0
341

ေတာင္ငူၿမိဳ႕ ရန္ကုန္-မႏၱေလး အျမန္လမ္းမႀကီးမွာ မေန႔က ေအာက္တိုဘာ ၂၉ ရက္ေန႔ မနက္ပိုင္းနဲ႔ ညေနပိုင္းမွာ ယာဥ္မေတာ္တဆမႈ ႏွစ္ခု ျဖစ္ပြားရာ တစ္ဦးေသၿပီး၊ ၁၇ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မနက္ပိုင္းမွာ မႏၱေလးဘက္ကေန ေနျပည္ေတာ္ကို ေမာင္းလာတဲ့ လိုက္ထရပ္ယာဥ္ ဘီးေပါက္း တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၇ ဦး ထိခိုက္ဒဏ္ရာရရွိပါတယ္။

ေအာက္တိုဘာ ၂၉ ရက္ေန႔ ညေန ၆ နာရီခြျေက်ာ္မွာ ဇီးပင္သာ အျမန္လမ္း ရဲစခန္းအပိုင္ နယ္ေျမမွာ တပ္သား ေဇာ္လင္းေအာင္ (၃၄ ႏွစ္) ဟာ အျမန္လမ္းမႀကီးကို လမ္းလယ္ကြ်န္း လမ္းျဖတ္ကေန ျဖတ္ကူးစဥ္ ေနျပည္ေတာ္ကေန ရန္ကုန္ကို ယာဥ္ေမာင္း ညီညီေအာင္ ေမာင္းႏွင္တဲ့ အိမ္စီယာဥ္နဲ႔ တိုက္မိကာ တပ္သား ေဇာ္လင္းေအာင္ အခင္ျဖစ္ပြားရာမွာပဲ ေသဆံုးခဲ့ပါတယ္။

ျဖစ္စဥ္မ်ားနဲ႔ ပတ္သက္ၿပီး လိုက္ထရပ္ ယာဥ္ေမာင္းနဲ႔ လမ္းျဖတ္ကူးတဲ့ တပ္သား ေဇာ္လင္းေအာင္တို႔ကို အမႈဖြင့္ အေရးယူထားပါတယ္။
………………………… ။ ။ …………………………..

အမြန်လမ်းပေါ် ယာဉ်မတော်တဆမှု နှစ်ခုဖြစ်၊ တစ်ဦးသေပြီး ၁၇ ဦး ဒဏ်ရာရ

တောင်ငူမြို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ မနေ့က အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ယာဉ်မတော်တဆမှု နှစ်ခု ဖြစ်ပွားရာ တစ်ဦးသေပြီး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနက်ပိုင်းမှာ မန္တလေးဘက်ကနေ နေပြည်တော်ကို မောင်းလာတဲ့ လိုက်ထရပ်ယာဉ် ဘီးပေါက်း တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၊ အမျိုးသမီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီခြွကျော်မှာ ဇီးပင်သာ အမြန်လမ်း ရဲစခန်းအပိုင် နယ်မြေမှာ တပ်သား ဇော်လင်းအောင် (၃၄ နှစ်) ဟာ အမြန်လမ်းမကြီးကို လမ်းလယ်ကျွန်း လမ်းဖြတ်ကနေ ဖြတ်ကူးစဉ် နေပြည်တော်ကနေ ရန်ကုန်ကို ယာဉ်မောင်း ညီညီအောင် မောင်းနှင်တဲ့ အိမ်စီယာဉ်နဲ့ တိုက်မိကာ တပ်သား ဇော်လင်းအောင် အခင်ဖြစ်ပွားရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး လိုက်ထရပ် ယာဉ်မောင်းနဲ့ လမ်းဖြတ်ကူးတဲ့ တပ်သား ဇော်လင်းအောင်တို့ကို အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)