
0
315



……………………. ။ ။ …………………….
မဲဆောက်-ရန်ကုန် လေယာဉ်ပြေးဆွဲ

မဲဆောက်-ရန်ကုန် လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၂၉ ရက်ကစပြီး တပတ် ၃ ကြိမ်ပြေးဆွဲသွားမယ်လို့ ထိုင်းလေကြောင်းတခုဖြစ်တဲ့ Nok air က သတင်းထုတ်ပြန်ပါတယ်။

ခရီးသည်တဦးကို ၁၂၉၉ ဘတ်နဲ့ ပြေးဆွဲမှာဖြစ်ပြီး ဖွင့်ပွဲလုပ်ခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က Nok air လေယာဉ်နဲ့ ခရီးသည် ၈၅ ဦး လိုက်ပါသွားပြီး အများစုကတော့ ရွှေတိဂုံဘုရားဖူးမယ့်သူတွေ ဖြစ်ပါတယ်။

အပတ်စဉ်တနင်္ဂနွေ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေတွေမှာ မဲဆောက်-ရန်ကုန် လေကြောင်းပြေးဆွဲမှာဖြစ်ပြီး နောင်မှာ တပတ် ၅ ရက်အထိ တိုးချဲ့ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ Nok air လိုင်း သတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)