ကညင္ေခ်ာင္း ကုန္သြယ္ေရးဇုန္ကို ဧက ၁၅၀ ထိ တိုးခ်ဲ႕

0
343

ေမာင္ေတာၿမိဳ႕နယ္၊ ကညင္ေခ်ာင္း ကုန္သြယ္ေရးဇုန္ကို ဧက ၁၀၀ ထပ္တိုးခ်ဲ႕ၿပီး စုစုေပါင္းဧက ၁၅၀ ခန္႔မွာ အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမယ္လို႔ ကုန္သြယ္ေရးဇုန္ တည္ေဆာက္မႈႀကီးၾကပ္ေရး ေကာ္မတီအတြင္းေရးမွဴး ဦးေအာင္ျမင့္သိန္းက ေျပာပါတယ္။

ကုန္သြယ္ေရးဇုန္ကို အစိုးရနဲ႔ ပုဂၢလိက ႏွစ္ရပ္ေပါင္း က်ပ္သိန္းေပါင္း ၂၂ ၀၀၀ နဲ႔ ပူးေပါင္း အေကာင္အထည္ ေဖာ္မွာျဖစ္ၿပီး ရခိုင္ဖြ႔ံၿဖိဳးေရး UEHRD စီမံကိန္းနဲ႔ ပူးေပါင္းလုပ္ေဆာင္မွာ ျဖစ္ပါတယ္။

ကညင္ေခ်ာင္း ကုန္သြယ္ေရးဇုန္ ဆိပ္ကမ္းကေန ကုန္တန္ခ်ိန္ ၅၀၀က ကေန ၁၀၀၀ အထိ တင္ႏိုင္ျခင္း၊ ေရာင္းသူေစ်းကြက္ျဖစ္ေနျခင္း၊ စားသံုးကုန္ေစ်းကြက္ျဖစ္ေနျခင္း စတဲ့ အားသာခ်က္ေတြ ရွိေနပါတယ္။
……………… ။ ။ …………………

ကညင်ချောင်းကုန်သွယ်ရေးဇုန်ကို ဧက ၁၅၀ ထိ တိုးချဲ့

မောင်တောမြို့နယ်၊ ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို ဧက ၁၀ဝ ထပ်တိုးချဲ့ပြီး စုစုပေါင်းဧက ၁၅၀ ခန့်မှာ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ကုန်သွယ်ရေးဇုန် တည်ဆောက်မှုကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဦးအောင်မြင့်သိန်းက ပြောပါတယ်။

ကုန်သွယ်ရေးဇုန်ကို အစိုးရနဲ့ ပုဂ္ဂလိက နှစ်ရပ်ပေါင်း ကျပ်သိန်းပေါင်း ၂၂ ဝ၀ဝ နဲ့ ပူးပေါင်း အကောင်အထည် ဖော်မှာဖြစ်ပြီး ရခိုင်ဖွံ့ဖြိုးရေး UEHRD စီမံကိန်းနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ကညင်ချောင်း ကုန်သွယ်ရေးဇုန် ဆိပ်ကမ်းကနေ ကုန်တန်ချိန် ၅၀ဝက ကနေ ၁၀ဝ၀ အထိ တင်နိုင်ခြင်း၊ ရောင်းသူဈေးကွက်ဖြစ်နေခြင်း၊ စားသုံးကုန်ဈေးကွက်ဖြစ်နေခြင်း စတဲ့ အားသာချက်တွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)