ကထိန္လွဴသူထံကေန ေငြစကၠဴအတု ၁၇ သိန္းခန္႔ ဖမ္းမိ

0
284

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ ဘံုကထိန္လာလွဴတဲ့သူထံကေန ေငြစကၠဴအတု ၁၇ သိန္းခန္႔ ဖမ္းမိထားတယ္လို႔ ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ေအာက္တိုဘာလ ၂၈ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဌ) ရပ္ကြက္ရွိ ဘုံကထိန္အလွဴခံတစ္ခုမွာ ေငြစကၠဴအတု ၁ ေသာင္းက်ပ္တန္နဲ႔ ၅ ေထာင္က်ပ္တန္ အတုမ်ား ကိုင္ေဆာင္ၿပီး လွဴဒါန္းသုံးစြဲေနေၾကာင္း သတင္းအရ ေဝဘာဂီနယ္ေျမရဲစခန္းက ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးခဲ့ရာမွာ ေတြ႔ရွိဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ဦးေအာင္ေက်ာ္ ဆိုသူရဲ႕ ေဘးလြယ္အိတ္အတြင္းကေန ေငြစကၠဴအတု ၁ ေသာင္းက်ပ္တန္ ၁၃၉ ရြက္၊ ၅ ေထာင္ က်ပ္တန္ ၆၀ ရြက္တို႔ကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့ၿပီး ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ နဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

မႈခင္းရဲတပ္ဖြဲ႔ရဲ႕ စစ္ေဆးခ်က္အရ ၅ ေထာင္က်ပ္တန္ ေငြစကၠဴအတုမ်ားဟာ ႏိုင္ငံျခားစကၠဴ အမ်ိဳးအစားျဖစ္ၿပီး အစစ္ထက္ ၁ လီမီတာတိုျခင္း၊ နံပါတ္စဥ္ အကၡရာမ်ား အေရာင္ေမွးမွိန္ေနျခင္း၊ ႐ုပ္ပုံ/တန္ဖိုး ေရစာမ်ားမွာ ပုံရိပ္သာပါရွိျခင္း၊ လုံၿခဳံေရးႀကိဳးမွာ ခရမ္းေရာင္သာ ပါရွိၿပီး အေရာင္းေျပာင္းလဲမႈ မရွိျခင္း၊ လၽွို႔ဝွက္ခ်က္မ်ား မပါရွိဘဲ ကာလာပရင္နည္းနဲ႔ တုပထားျခင္းျဖစ္တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။
……………………. ။ ။ ………………………..

ကထိန်လှူသူထံကနေ ငွေစက္ကူအတု ၁၇ သိန်းခန့် ဖမ်းမိ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဘုံကထိန်လာလှူတဲ့သူထံကနေ ငွေစက္ကူအတု ၁၇ သိန်းခန့် ဖမ်းမိထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်ရှိ ဘုံကထိန်အလှူခံတခုမှာ ငွေစက္ကူအတု ၁ သောင်းကျပ်တန်နဲ့ ၅ ထောင်ကျပ်တန် အတုများ ကိုင်ဆောင်ပြီး လှူဒါန်းသုံးစွဲနေကြောင်း သတင်းအရ ဝေဘာဂီနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှာ တွေ့ရှိဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ကျော် ဆိုသူရဲ့ ဘေးလွယ်အိတ်အတွင်းကနေ ငွေစက္ကူအတု ၁ သောင်းကျပ်တန် ၁၃၉ ရွက်၊ ၅ ထောင် ကျပ်တန် ၆၀ ရွက်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

မှုခင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ၅ ထောင်ကျပ်တန် ငွေစက္ကူအတုများဟာ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး အစစ်ထက် ၁ လီမီတာတိုခြင်း၊ နံပါတ်စဉ် အက္ခရာများ အရောင်မှေးမှိန်နေခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာများမှာ ပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာ ပါရှိပြီး အရောင်းပြောင်းလဲမှု မရှိခြင်း၊ လျှို့ဝှက်ချက်များ မပါရှိဘဲ ကာလာပရင်နည်းနဲ့ တုပထားခြင်းဖြစ်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)