0
235
…………………… ။ ။ ……………………….
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသူတွေကို နိုဝင်ဘာ ၄ ရက်မှာ စတင်စိစစ်မယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို နိုဝင်ဘာ ၄ ရက်ကစပြီး စိစစ်ဖို့ စီစဉ်နေတယ်လို့ ရခိုင် ဖွံ့ဖြိုးရေးစီမံ ကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်က လုပ်ခဲ့တဲ့ ရခိုင်တည်ဆောက်ရေး အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး စာရွက်စာတမ်းများ စိစစ်ပြီး မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူတွေကို စိစစ်လက်ခံမှာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမား လူဝင်မှု ဝန်ကြီးဌာနကလည်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံမှာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူတွေကိုပဲ ပြန်လည် လက်ခံမှာဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။(USA)
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)