ေမာင္ေတာမွာ လက္လုပ္မိုင္း အလံုး ၄၀ သိမ္းဆည္းရမိ

0
316

ရခိုင္ျပည္နယ္၊ ေမာင္ေတာမွာ ေအာက္တိုဘာ ၂၉ရက္က လက္လုပ္မိုင္း အလံုး ၄၀ သိမ္းဆည္းရမိတယ္လို႔ ျပည္နယ္အစိုးရက သတင္းထုတ္ျပန္ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ ၿမိဳ႕မေျမာက္ရပ္ကြက္ ၿမိဳ႕ဦးရြာျဖတ္ ေခ်ာင္းကူးတံတားေအာက္မွာ ေတြ႔ရွိတာျဖစ္ၿပီး အရွည္ ၆ လက္မခန္႔ရွိတဲ့ အသက္မသြင္းရေသးတဲ့ လက္လုပ္မိုင္းေတြ ျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
ေမာင္ေတာေဒသမွာ ၾသဂုတ္ ၂၅ ရက္က အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ပြားၿပီး ၂ လေက်ာ္ ၾကာျမင့္လာခ်ိန္အထိ လက္လုပ္မိုင္းေတြ မၾကာခဏ ေတြ႔ရွိသိမ္းဆည္းရမိေနတာ ျဖစ္ပါတယ္။
…………………. ။ ။ …………………..

မောင်တောမှာ လက်လုပ်မိုင်း အလုံး ၄၀ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ မောင်တောမှာ အောက်တိုဘာ ၂၉ရက်က လက်လုပ်မိုင်း အလုံး ၄၀ သိမ်းဆည်းရမိတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ မြို့မမြောက်ရပ်ကွက် မြို့ဦးရွာဖြတ် ချောင်းကူးတံတားအောက်မှာ တွေ့ရှိတာဖြစ်ပြီး အရှည် ၆ လက်မခန့်ရှိတဲ့ အသက်မသွင်းရသေးတဲ့ လက်လုပ်မိုင်းတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး ၂ လကျော် ကြာမြင့်လာချိန်အထိ လက်လုပ်မိုင်းတွေ မကြာခဏ တွေ့ရှိသိမ်းဆည်းရမိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)