ျပစ္မႈဆိုင္ရာ တရား႐ုံး ICC ရဲ႕ လုပ္ေဆာင္ခ်က္ကို ျမန္မာေဝဖန္

0
107

ၿပီးခဲ့တဲ့ ဇူလိုင္လ ၄ ရက္မွာ အျပည္ျပည္ဆိုင္ရာ ျပစ္မႈဆိုင္ရာတရား႐ုံး ICC ရဲ႕ ေရွ႕ေနက ရခိုင္ျပည္နယ္ကိစၥ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ကနဦး စုံစမ္းစစ္ေဆးမႈ လုပ္ေဆာင္ႏိုင္ဖို႔ ေတာင္းဆိုၿပီး ေနရပ္စြန္႔ခြာမႈေတြ ျဖစ္ေပၚေစခဲ့တဲ့ ARSA အၾကမ္းဖက္ အဖြဲ႔ရဲ႕ ျပစ္မႈေတြကို တမင္ခ်န္လွပ္ထားကာ အခ်က္အလက္ အမွားအယြင္းေတြ ပါဝင္တဲ့ လူ႔အခြင့္အေရး အစီရင္ခံစာေတြေပၚမွာ အလြန္အကြၽံ ယုံၾကည္ထားတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေဝဖန္ေျပာဆိုလိုက္ပါတယ္။

စက္တင္ဘာလ ၂၈ ရက္ေန႔က အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္တဲ႔ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ အေထြေထြမူဝါဒေရးရာ ေဆြးေႏြးပြဲမွာ ျမန္မာကိုယ္စားလွယ္ အဖြဲ႔ေခါင္းေဆာင္ ဦးေက်ာ္တင့္ေဆြက အခုလို ေဝဖန္ေျပာဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံအေနနဲ႔ ေရာမသေဘာတူစာခ်ဳပ္ (Rome Statute) မွာ ပါဝင္ လက္မွတ္ေရးထိုးထားတဲ႔ ႏိုင္ငံ မဟုတ္တဲ့အတြက္ ျပစ္မႈဆိုင္ရာတရား႐ုံး ICC အေနနဲ႔ ျမန္မာႏိုင္ငံအေပၚ စြပ္စြဲထားတဲ့ ျပစ္မႈေတြအတြက္ တရားစီရင္ပိုင္ခြင့္ မရွိဘူးဆိုတဲ့ ျမန္မာႏိုင္ငံရဲ႕ရပ္တည္ခ်က္ဟာ ေျပာင္းလဲမွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

ပြစ်မှုဆိုင်ရာတရားရုံး ICC ရဲ့ လုပ်ဆောင်ချက်ကို မြန်မာဝေဖန်


ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး ICC ရဲ့ ရှေ့နေက ရခိုင်ပြည်နယ်ကိစ္စ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကနဦး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နိုင်ဖို့ တောင်းဆိုပြီး နေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ရဲ့ ပြစ်မှုတွေကို တမင်ချန်လှပ်ထားကာ အချက်အလက် အမှားအယွင်းတွေ ပါဝင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေပေါ်မှာ အလွန်အကျွံ ယုံကြည်ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။


စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးကျော်တင့်ဆွေက အခုလို ဝေဖန်ပြောဆိုခဲ့တာပါ။


မြန်မာနိုင်ငံအနေနဲ့ ရောမသဘောတူစာချုပ် (Rome Statute) မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်တဲ့အတွက် ပြစ်မှုဆိုင်ရာတရားရုံး ICC အနေနဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)