ျပသနာမျဖစ္တဲ့ ရြာက ရြာသားေတြ ဘဂၤလား ေဒ့ရွ္ႏိုင္ငံဘက္ ေျပာင္းေရႊ႔ေနၾက

0
317

အခုရက္ပိုင္း ဘဂၤလား ေဒ့ရွ္ႏိုင္ငံဘက္ကို ေျပာင္းေရႊ႔ဖို႔သြားေနသူေတြဟာ  ေမယုေတာင္တန္းအေရွ႕ဘက္ ဘူးသီးေတာင္ၿမိဳ႕ေတာင္ ဘက္ ဘာျပႆနာမွမျဖစ္တဲ့ ေက်းရြာေတြကလူေတြျဖစ္ ေနတယ္ဆိုတာကို ထူးထူးျခားျခားေတြ႕ရတယ္လို႔ ျမန္မာႏိုင္ငံလူ႔        အခြင့္အေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္ က ေျပာပါတယ္။

သူတို႔အဖြဲ႔ဟာ ေဒသတြင္း လွည့္လည္သြားလာျပီး စံုစမ္းေမးျမန္းေနရာမွာ ေထာင္နဲ႔ခ်ီတဲ့  အစၥလာမ္ဘာသာဝင္ေတြဟာ ဘဂၤလားေဒ့ရွ္ဘက္ကို ေျပာင္းေရႊဖို႔စုရံုးေနတာ ေတြ႔ခဲ့ရျပီး သူတို႔ကို ေမးျမန္းစံုစမ္းၾကည့္ရင္း သိရတာလို႔ သူက ႏိုင္ငံပိုင္သတင္းဌာနကို ေျပာပါတယ္။

“ဒီမွာ သူတို႔ ဆက္မေနရဲဘူးလို႔ ေျပာတယ္။ ဒါကေတာ့ သူတို႔ ဆႏၵအရသြားတာျဖစ္တာေၾကာင့္ ကြၽန္ေတာ္ကေတာ့ တားျမစ္ပိုင္ခြင့္လည္း မရွိဘူး။ တားလည္း မတားပါဘူး။

ထူးျခားတာတစ္ခုက သူတို႔ဘယ္ကလာတာလဲ ေမးတဲ့အခါ မွာ ေမယုေတာင္တန္းအေရွ႕ဘက္ ဘူးသီးေတာင္ၿမိဳ႕ေတာင္ ဘက္          ဘာျပႆနာမွမျဖစ္တဲ့ ေက်းရြာေတြကလူေတြျဖစ္ ေနတယ္ဆိုတာကို ထူးထူးျခားျခားေတြ႕လိုက္ရတယ္။ သတ္ ျဖတ္ေနတဲ့ေနရာေတြကေၾကာက္လန္႔ၿပီးေျပးတယ္ဆိုရင္ေတာ့ အေျခအေနတစ္မ်ဳိးေပါ့။

တခ်ိဳ႕ဆိုပစၥည္းေတြကို ေရာင္းခ်ၿပီး ထြက္လာတာျဖစ္တာေၾကာင့္ သူတို႔အေနနဲ႔ ၾကည့္မယ္ဆိုရင္လည္း ဘယ္လိုမွျပန္ဖို႔ အေျခအေနမျဖစ္ ေတာ့ဘူး။ ပိုထူးျခားတာက ဘာမွျပႆနာမျဖစ္ ေအးခ်မ္း ေနတဲ့ ေျမာက္ဦးဘက္က အစၥလာမ္ဘာသာဝင္ေတြကို ဖုန္းနဲ႔ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္က လွမ္းဆက္ေခၚတယ္လို႔ သိလိုက္ရတယ္။

ၿပီးေတာ့ဘဂၤလားေဒ့ရွ္ႏုိင္ငံက အသင့္ စီစဥ္ထားတဲ့ စက္ေလွအႀကီးေတြနဲ႔ လာၿပီးသယ္တယ္ဆိုတာ ေတြ႕တဲ့ အတြက္ေၾကာင့္ လိုလိုလားလားလာေခၚတယ္ဆိုတဲ့ သေဘာမ်ိဳးေတြ႕လိုက္ရတယ္။ ဒါေတြက တကယ့္ကို ထူးျခားခ်က္ပါပဲ။”

အစိုးရကလည္း ေထာင္နဲ႔ခ်ီတဲ့ ဘဂါၤလီေတြဟာ ဘဂၤလားေဒ့ရွ္ဘက္ကို ေျပာင္းေရႊေနၾကျပီး ပဋိပကၡေၾကာင့္ထြက္ေျပးတာမဟုတ္ဘဲ သူတို႔ သေဘာဆႏၵအရ ေရႊ႔ေျပာင္းေနၾကတာလို႔ သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြသနာမဖြစ်တဲ့ ရွာက ရွာသားတွေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက် ပြောင်းရွှေ့နေကြ

အခုရက်ပိုင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို ပြောင်းရွှေ့ဖို့သွားနေသူတွေဟာ မေယုတောင်တန်းအရှေ့ဘက် ဘူးသီးတောင်မြို့တောင် ဘက် ဘာပြဿနာမှမဖြစ်တဲ့ ကျေးရွာတွေကလူတွေဖြစ် နေတယ်ဆိုတာကို ထူးထူးခြားခြားတွေ့ရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဒေသတွင်း လှည့်လည်သွားလာပြီး စုံစမ်းမေးမြန်းနေရာမှာ ထောင်နဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြောင်းရွှေဖို့စုရုံးနေတာ တွေ့ခဲ့ရပြီး သူတို့ကို မေးမြန်းစုံစမ်းကြည့်ရင်း သိရတာလို့ သူက နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။
“ဒီမှာ သူတို့ ဆက်မနေရဲဘူးလို့ ပြောတယ်။

ဒါကတော့ သူတို့ ဆန္ဒအရသွားတာဖြစ်တာကြောင့် ကျွန်တော်ကတော့ တားမြစ်ပိုင်ခွင့်လည်း မရှိဘူး။ တားလည်း မတားပါဘူး။ ထူးခြားတာတစ်ခုက သူတို့ဘယ်ကလာတာလဲ မေးတဲ့အခါ မှာ မေယုတောင်တန်းအရှေ့ဘက် ဘူးသီးတောင်မြို့တောင် ဘက် ဘာပြဿနာမှမဖြစ်တဲ့ ကျေးရွာတွေကလူတွေဖြစ် နေတယ်ဆိုတာကို ထူးထူးခြားခြားတွေ့လိုက်ရတယ်။ သတ် ဖြတ်နေတဲ့နေရာတွေကကြောက်လန့်ပြီးပြေးတယ်ဆိုရင်တော့ အခြေအနေတစ်မျိုးပေါ့။

တချို့ဆိုပစ္စည်းတွေကို ရောင်းချပြီး ထွက်လာတာဖြစ်တာကြောင့် သူတို့အနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဘယ်လိုမှပြန်ဖို့ အခြေအနေမဖြစ် တော့ဘူး။ ပိုထူးခြားတာက ဘာမှပြဿနာမဖြစ် အေးချမ်း နေတဲ့ မြောက်ဦးဘက်က အစ္စလာမ်ဘာသာဝင်တွေကို ဖုန်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လှမ်းဆက်ခေါ်တယ်လို့ သိလိုက်ရတယ်။

ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသင့် စီစဉ်ထားတဲ့ စက်လှေအကြီးတွေနဲ့ လာပြီးသယ်တယ်ဆိုတာ တွေ့တဲ့ အတွက်ကြောင့် လိုလိုလားလားလာခေါ်တယ်ဆိုတဲ့ သဘောမျိုးတွေ့လိုက်ရတယ်။ ဒါတွေက တကယ့်ကို ထူးခြားချက်ပါပဲ။”
အစိုးရကလည်း ထောင်နဲ့ချီတဲ့ ဘဂါင်္လီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြောင်းရွှေနေကြပြီး ပဋိပက္ခကြောင့်ထွက်ပြေးတာမဟုတ်ဘဲ သူတို့ သဘောဆန္ဒအရ ရွှေ့ပြောင်းနေကြတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)