
0
386





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနိုင်ငံလုံး အိမ် ၁သန်းကျော်လိုအပ်နေလို့ အိုးအိမ်ဌာန ပြော

တနိုင်ငံလုံးအိမ်ရာလိုအပ်ချက် ၁သန်းကျော် ရှိနေတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပြီး အစိုးရအနေနဲ့ တနှစ်မှာ အိမ်ရာ ၈၀ဝ၀ လောက်ပဲ ဆောက်လုပ်ပေးနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတာဝန်ရှိသူတဦးက “တနိုင်ငံလုံးအနေအထားအရ အိမ် ရာလိုအပ်ချက် ၁ သန်းကျော် ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ဌာနက ၂၀ ရာခိုင် နှုန်း ပဲ ဖြည့် ဆည်းပေးနိုင် တယ်။ တနှစ် မှာမှ ကျွန်တော်တို့က ၈၀ဝ၀ လောက် ပဲ ဖြည့်ဆည်းပေးနိုင်တယ်။ စီမံကိန်းတွေက ငါးနှစ်စီမံကိန်းနဲ့ သွားကြတာ ဆိုတော့ အိမ် ရာလိုအပ်ချက်တွေက အဲ့ဒီထက်မကဖြည့် ဆည်းပေးနိုင်ရင်တော့ပိုကောင်းတာပေါ့ ” လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှာတော့ ပြည်တွင်းမှာ အိမ်ရာလိုအပ်ချက် ၃.၈သန်း ရှိနေတယ်လို့ ဖော်ပြထားပြီး လူဦးရေ ၁၃.၅သန်းကျော်ဟာ မနေသင့်တော့တဲ့ အိမ်ရာဟောင်းတွေမှာ နေထိုင်နေကြရတယ်လို့ ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)