ျမန္မာ ၂သန္းေက်ာ္ ျပည္ပမွာ တရား၀င္သြားေရာက္ အလုပ္လုပ္ေန

0
295

 

ျမန္မာလုပ္သား ၂သန္းေက်ာ္ ျပည္ပႏိုင္ငံမ်ားမွာ တရား၀င္သြားေရာက္အလုပ္လုပ္ေနၾကတယ္လို႔  အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

ေနျပည္ေတာ္မွာ စက္တင္ဘာ ၂၈ရက္ကလုပ္ခဲ့တဲ့ ေရႊ႔ေျပာင္းအလုပ္သမားဆိုင္ရာအာဆီယံစည္းေ၀းပြဲမွာ ေျပာခဲ့တာျဖစ္ျပီး      ၂၀၁၇ခုႏွစ္၊ၾသဂုတ္လအထိ ျမန္မာလုပ္သား ၂၆၀ ၀၅၀၁ဦး ျပည္ပႏိုင္ငံသို႔ ေစလႊတ္ထားတာ ျဖစ္ပါတယ္။

၁၉၉၀ျပည့္ႏွစ္ကစျပီး ျမန္မာလုပ္သားမ်ားကို တရား၀င္ေစလႊတ္ေနတာျဖစ္ျပီး ၂၀၁၇ခုႏွစ္အထိ ထိုင္းသို႔ ၂၃၄၅ ၁၁၅ဦး၊မေလးရွားသို႔ ၄၂၂၂ ၅၃ဦး၊စင္ကာပူသို႔ ၁၃၉၀၀ ဦး၊ဂ်ပန္သို႔ ၇၁၁၁ဦး၊ကိုရီးယားသို႔ ၃၂၈၃၄ဦး၊ကာတာသို႔ ၄၈၁ဦး၊ယူေအအီးသို႔ ၁၁၃၅ဦးနဲ႔                   ေဟာင္ေကာင္သို႔ ၁၇၄ဦး ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာေရႊ႔ေျပာင္းအလုပ္သမားကြန္ရက္ေတြရဲ႔ စာရင္းေတြအရေတာ့ ထိုင္းႏိုင္ငံထဲမွာ ျမန္မာ ၅သန္းေက်ာ္   အလုပ္လုပ္ေနၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ ၂သန်းကျော် ပြည်ပမှာ တရားဝင်သွားရောက် အလုပ်လုပ်နေ

မြန်မာလုပ်သား ၂သန်းကျော် ပြည်ပနိုင်ငံများမှာ တရားဝင်သွားရောက်အလုပ်လုပ်နေကြတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

နေပြည်တော်မှာ စက်တင်ဘာ ၂၈ရက်ကလုပ်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံစည်းဝေးပွဲမှာ ပြောခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်၊သြဂုတ်လအထိ မြန်မာလုပ်သား ၂၆၀ ဝ၅၀၁ဦး ပြည်ပနိုင်ငံသို့ စေလွှတ်ထားတာ ဖြစ်ပါတယ်။

၁၉၉၀ပြည့်နှစ်ကစပြီး မြန်မာလုပ်သားများကို တရားဝင်စေလွှတ်နေတာဖြစ်ပြီး ၂၀၁၇ခုနှစ်အထိ ထိုင်းသို့ ၂၃၄၅ ၁၁၅ဦး၊မလေးရှားသို့ ၄၂၂၂ ၅၃ဦး၊စင်ကာပူသို့ ၁၃၉၀ဝ ဦး၊ဂျပန်သို့ ၇၁၁၁ဦး၊ကိုရီးယားသို့ ၃၂၈၃၄ဦး၊ကာတာသို့ ၄၈၁ဦး၊ယူအေအီးသို့ ၁၁၃၅ဦးနဲ့ ဟောင်ကောင်သို့ ၁၇၄ဦး စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်တွေရဲ့ စာရင်းတွေအရတော့ ထိုင်းနိုင်ငံထဲမှာ မြန်မာ ၅သန်းကျော် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)