
0
348





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားမျှတမှုစင်တာ ဘားအံမှာ ဖွင့်

ရှေ့နေငှားဖို့ ငွေကြေး အခက်အခဲရှိတဲ့ ပြည်သူတွေကို အခမဲ့ရှေ့နေလိုက်ပေးနိုင်ဖို့နဲ့ ဥပဒေအကြံပေးနိုင်ဖို့ ရည်ရွယ်တဲ့ တရားမျှတမှုစင်တာတခုကို စက်တင်ဘာ ၂၇ ရက်က ဘားအံမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်က စတင်ခဲ့တဲ့ ဒီ စင်တာတွေကို ရန်ကုန်နဲ့ မော်လမြိုင်မြို့များမှာ ဖွင့်လှစ်ထားပြီး လူပေါင်း ၂၉၆၉ ဦးကို အခမဲ့ ဥပဒေအကျိုးဆောင်ပေးနိုင်ခဲ့တယ်။

အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၇၂၂ ဦးကို ဥပဒေအကြဉာဏ် များပေးအပ်ခဲ့နိုင်ခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တရားမျှတ မှုစင်တာများ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)