
0
386




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည် ရန်ုကုန်မှာ ကျန်းမာရေးစစ်ဆေး

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၉ရက်က ရန်ကုန်၊ကမာရွတ်မြို့နယ်ရှိ နိုင်ငံတကာဆေးရုံတခုမှာ ကျန်းမာရေးစစ်ဆေးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။

ဆေးရုံမှာ ၂နာရီကြာဆေးစစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ ကျန်းမာရေးကို တနှစ်တကြိမ် စစ်ဆေးလေ့ရှိပြီး လိုအပ်ရင်ခြောက်လတကြိမ် ဆေးစစ်လေ့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန်ယူပြီးတဲ့နောက်ပိုင်း နေပြည်တော်မှာပဲ ကျန်းမာရေးစစ်ဆေးတာ မျက်စိခွဲစိတ်တာတွေ ပြုလုပ်ခဲ့ဖူးပြီး ဒီတကြိမ်ပဲ နိုင်ငံတကာဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)