
0
110




ကာမိုင်းမြို့နယ်မှာ တရားမဝင် ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိ


ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်မှာ သြဂုတ်လ ၂၈ ရက်နေ့က တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေကို ဖမ်းမိခဲ့ပါတယ်။


လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒွန်ဘုန်းခ ကျေးရွာရဲ့ အနောက်မြောက်ဘက် ၁ မိုင်ခန့် အကွာမှာ လဝါးကျေးရွာဘက်ကနေ မြစ်ကြီးနားမြို့ဘက်ကို ဘောက်လာ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ယောဆက် လိုက်ပါလာတဲ့ ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှာ ဆာလာအိတ်တွေနဲ့ ထည့်ပြီး တင်ဆောင်လာတဲ့ တရားမဝင် ကျောက်စိမ်းတုံး ဆိုဒ်စုံ ၄၃၉ အိတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


ကျောက်စိမ်းတုံးတွေနဲ့ အတူ ဖမ်းဆီးရမိသူ ဘောက်လာနဲ့ ယောဆက်တို့ကို ကာမိုင်းမြို့မ ရဲစခန်းမှာ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)