အလုပ္သမားသမဂၢေတြအတြက္ ပညာေပးေရးမူဝါဒ သင္႐ိုးေရးဆြဲမယ္

0
112

အလုပ္သမားသမဂၢေတြအတြက္ပညာေပးေရးမူ၀ါဒနဲ႕ပတ္သက္တဲ့ သင္ရိုးညႊန္းတမ္းေတြေရးဆြဲသြားမယ္လို႕ ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ က ဒိန္းမတ္ႏိုင္ငံအလုပ္သမားအဖြဲ႕ခ်ဳပ္နဲ႕ ပူးေပါင္းၿပီး အလုပ္သမားေရးရာ ကိစၥရပ္ေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိေစႏုိ္င္ဖို႔ ရည္ရြယ္ၿပီး အလုပ္သမားေတြကုိ သုံးႏွစ္ၾကာ သင္တန္းေပးခဲ့တာပါ။

အဲဒီ သင္တန္းက  သင္တန္းမွဴး ၆၄ ဦးကိုျပန္လည္စုစည္းၿပီး အျခား အလုပ္သမားေတြ ကိုဆင့္ပြား အသိပညာေပး ေဆြးေႏြးပြဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

အဲ့ဒီ့ေဆြးေႏြးပြဲကို ၾသဂုတ္လ ၂၇ ရက္နဲ႕ ၂၈ ရက္ေန႕တို႕က ရန္ကုန္ၿမိဳ႕၊ ဖိုးစိန္လမ္းရွိ Best Western Green Hill Hotel မွာျပဳလုပ္ခဲ့တာပါ။

Soundbite – ဦးေမာင္ေမာင္ (ဥကၠဌ)

ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

အဲ့ဒီလို  အလုပ္သမား သမဂၢေတြကိုဆင့္ပြားပညာေပးမႈေတြ ကေန တဆင့္  လုပ္ငန္းခြင္ အႏၱရာယ္ကင္းရွင္းတာေတြ၊ အလုပ္ရွင္ ၊အလုပ္သမားဆက္ဆံေရးေကာင္းမြန္တဲ့အက်ိဳးရလဒ္ေတြအျပင္ ခိုင္မာတဲ့ အလုပ္သမားထုႀကီးတစ္ခုျဖစ္လာႏိုင္တယ္လို႕လည္း ေျပာပါတယ္။

Soundbite – ဦးေမာင္ေမာင္ (ဥကၠဌ)

ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

လက္ရွိ ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM အေနနဲ႕ လႈိင္သာယာမွာရွိတဲ့ အမ်ိဳးသမီးစင္တာမွာ အပတ္စဥ္ စေန၊ တနဂၤေႏြေန႕ေတြမွာ အလုပ္သမားေတြကို အလုပ္သမားသမဂၢသင္တန္း၊ အလုပ္သမားဥပေဒ၊ အျငင္းပြားမႈ ေျဖရွင္းေရး ဥပေဒေတြကိုသင္ၾကား ေပးေနတာလည္း ျဖစ္ပါတယ္ ခင္ဗ်ာ။

အလုပ်သမားသမဂ္ဂတွေအတွက်ပညာပေးရေးမူဝါဒနဲ့ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေရေးဆွဲသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် က ဒိန်းမတ်နိုင်ငံအလုပ်သမားအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိ်ုင်ဖို့ ရည်ရွယ်ပြီး အလုပ်သမားတွေကို သုံးနှစ်ကြာ သင်တန်းပေးခဲ့တာပါ။

အဲဒီ သင်တန်းက သင်တန်းမှူး ၆၄ ဦးကိုပြန်လည်စုစည်းပြီး အခြား အလုပ်သမားတွေ ကိုဆင့်ပွား အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့ဆွေးနွေးပွဲကို သြဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့က ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel မှာပြုလုပ်ခဲ့တာပါ။

Soundbite – ဦးမောင်မောင် (ဥက္ကဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

အဲ့ဒီလို အလုပ်သမား သမဂ္ဂတွေကိုဆင့်ပွားပညာပေးမှုတွေ ကနေ တဆင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းတာတွေ၊ အလုပ်ရှင် ၊အလုပ်သမားဆက်ဆံရေးကောင်းမွန်တဲ့အကျိုးရလဒ်တွေအပြင် ခိုင်မာတဲ့ အလုပ်သမားထုကြီးတစ်ခုဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

Soundbite – ဦးမောင်မောင် (ဥက္ကဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အနေနဲ့ လှိုင်သာယာမှာရှိတဲ့ အမျိုးသမီးစင်တာမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ အလုပ်သမားတွေကို အလုပ်သမားသမဂ္ဂသင်တန်း၊ အလုပ်သမားဥပဒေ၊ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွေကိုသင်ကြား ပေးနေတာလည်း ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)