ကိုရီးယား အထည္ခ်ဳပ္စက္႐ံုတစ္ခ်ဳိ႕ ဆႏၵျပမႈေတြေၾကာင့္ အလုပ္ရွင္ေတြ အခက္အခဲႀကံဳေန

0
77

ျပည္တြြင္းရွိ ႏုိင္ငံသားပုိင္ စက္႐ံုေတြမွာသာမက ျပည္ပက လာေရာက္ ရင္းႏွီးျမွဳပ္ႏွံၿပီး ဖြင့္လွစ္ထားတဲ့ ႏုိင္ငံျခားသားပုိင္ အထည္ခ်ဳပ္စက္႐ံု၊ အလုပ္႐ံုေတြမွာ အလုပ္သမား အခြင့္အေရး အျပည့္အ၀ မရရွိတဲ့အေပၚ အျငင္းပြားမႈေတြ ဆက္တုိက္ဆုိသလို ျဖစ္ပြားေနတာပါ။

အဲဒီထဲကမွ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံၿပီး လုပ္ကိုင္ေနတဲ့ ကိုရီးယား အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို ၿမိဳ႕နယ္အလုပ္သမား႐ံုးေတြနဲ႔ ရန္ကုန္တိုင္း အလုပ္သမား႐ံုးေတြက ညိႏႈိင္းေပးေနတယ္လို႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ေျပာၾကားခဲ့ပါတယ္။

ကိုရီးယား အထည္ခ်ဳပ္စက္႐ံုတစ္ခ်ဳိ႕က အလုပ္သမားေတြက စက္႐ံုေရွ႕ ပိတ္ၿပီး ဆႏၵျပမႈေတြ ရွိခဲ့တာေၾကာင့္ လုပ္ငန္းေတြ ရပ္ဆိုင္းခဲ့တဲ့အတြက္  ကိုရီးယား သံအမတ္ႀကီးကတစ္ဆင့္ လုပ္ငန္းရွင္ေတြက တင္ျပခဲ့တာပါ။ အဲဒါေၾကာင့္ သံအမတ္ႀကီးနဲ႔ ျပည္ေထာင္စု၀န္ႀကီးတို႔ ေတြ႔ဆံုေဆြးေႏြးၿပီး ေျပလည္မႈရရွိဖို႔ ညိွႏႈိင္း ေဆာင္ရြက္ေနတာေၾကာင့္ အလုပ္ရွင္၊ အလုပ္သမား ျပႆနာေတြ ေလ်ာ့နည္းသြားႏိုင္မွာ ျဖစ္တယ္လို႔ ျပည္ေထာင္စု ၀န္ႀကီးက ေျပာပါတယ္။

ကိုရီးယား အထည်ချုပ်စက်ရုံတစ်ချို့ ဆန္ဒပြမှုတွေကြောင့် အလုပ်ရှင်တွေ အခက်အခဲကြုံနေ


ပြည်တွင်းရှိ နိုင်ငံသားပိုင် စက်ရုံတွေမှာသာမက ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံပြီး ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိတဲ့အပေါ် အငြင်းပွားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။


အဲဒီထဲကမှ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်နေတဲ့ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြို့နယ်အလုပ်သမားရုံးတွေနဲ့ ရန်ကုန်တိုင်း အလုပ်သမားရုံးတွေက ညိနှိုင်းပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။


ကိုရီးယား အထည်ချုပ်စက်ရုံတစ်ချို့က အလုပ်သမားတွေက စက်ရုံရှေ့ ပိတ်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့တာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အတွက် ကိုရီးယား သံအမတ်ကြီးကတစ်ဆင့် လုပ်ငန်းရှင်တွေက တင်ပြခဲ့တာပါ။ အဲဒါကြောင့် သံအမတ်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှုရရှိဖို့ ညှိနှိုင်း ဆောင်ရွက်နေတာကြောင့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေ လျော့နည်းသွားနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)