အေမရိကန္ ဥပေဒ အက်ိဳးေဆာင္ အဖြဲ႔ကို KBZ ဘဏ္ ငွားရမ္း

0
158

တပ္မေတာ္နဲ႔ ပတ္သက္မႈ ရွိေၾကာင္း ကုလသမဂၢ အစီရင္ခံစာ ေဖာ္ျပခ်က္ေၾကာင့္ ႏိုင္ငံတကာမွာ အက်ိဳးစီးပြားကို ကာကြယ္ႏိုင္ဖို႔ ကေမာၻဇဘဏ္ (KBZ) အေမရိကန္ ဥပေဒ အက်ိဳးေဆာင္အဖြဲ႔တစ္ဖြဲ႔ကို ငွားရမ္းလိုက္ပါတယ္။

ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ (FFM) ရဲ႕ အစီရင္ခံစာမွာ KBZ ဘဏ္ဟာ ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္ ၿခံစည္း႐ိုးကာဖို႔ ေငြလွဴခဲ့ေၾကာင္း ေဖာ္ျပခဲ့တဲ့အတြက္ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈမ်ိဳးေတြ ေပၚေပါက္လာရင္ ကာကြယ္ႏိုင္ဖို႔ အေမရိကန္ အေျခစိုက္ ဝီလ်ံ အင္ ကြန္နယ္လီ (Williams & Connolly) ဥပေဒ အက်ိဳးေဆာင္ အဖြဲ႔ကို ငွားရမ္းလိုက္တာ ျဖစ္ပါတယ္။

ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ရဲ႕ အစီရင္ခံစာမွာ တပ္မေတာ္နဲ႔ ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းေတြကို အေရးယူဖို႔ အႀကံျပဳခ်က္ ပါဝင္ပါတယ္။ အခု ၾသဂုတ္လ အေစာပိုင္းမွာ KBZ ဘဏ္နဲ႔ ဥပေဒ အက်ိဳးေဆာင္အဖြဲ႔တို႔ အက်ိဳးေဆာင္ခ အေမရိကန္ ေဒၚလာ ၂ သိန္းခြဲနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ေၾကာင္း ဘဏ္ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ မိုက္ကယ္ ဒီႏိုမာက CNBC သတင္းဌာနကို အတည္ျပဳ ေျပာၾကားထားပါတယ္။

အမေရိကန် ဥပဒေ အကျိုးဆောင် အဖွဲ့ကို KBZ ဘဏ် ငှားရမ်း


တပ်မတော်နဲ့ ပတ်သက်မှု ရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြချက်ကြောင့် နိုင်ငံတကာမှာ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ကမ္ဘောဇဘဏ် (KBZ) အမေရိကန် ဥပဒေ အကျိုးဆောင်အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းလိုက်ပါတယ်။


ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ အစီရင်ခံစာမှာ KBZ ဘဏ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးကာဖို့ ငွေလှူခဲ့ကြောင်း ဖော်ပြခဲ့တဲ့အတွက် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုမျိုးတွေ ပေါ်ပေါက်လာရင် ကာကွယ်နိုင်ဖို့ အမေရိကန် အခြေစိုက် ဝီလျံ အင် ကွန်နယ်လီ (Williams & Connolly) ဥပဒေ အကျိုးဆောင် အဖွဲ့ကို ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။


ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူဖို့ အကြံပြုချက် ပါဝင်ပါတယ်။ အခု သြဂုတ်လ အစောပိုင်းမှာ KBZ ဘဏ်နဲ့ ဥပဒေ အကျိုးဆောင်အဖွဲ့တို့ အကျိုးဆောင်ခ အမေရိကန် ဒေါ်လာ ၂ သိန်းခွဲနဲ့ စာချုပ်ချုပ်ခဲ့ကြောင်း ဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ် မိုက်ကယ် ဒီနိုမာက CNBC သတင်းဌာနကို အတည်ပြု ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)