
0
97




တောင်ကိုရီးယား ဘဏ္ဍာရေး ကုမ္ပဏီတွေအကြား မြန်မာ ရေပန်းစား


Financial Supervisory Service (FSS) ရဲ့ ဒေတာ အချက်အလက်တွေအရ ဘဏ္ဍာရေး ကုမ္ပဏီတွေ အကြားမှာ မြန်မာဟာ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ကိုရီးယားတိုင်းမ် သတင်းစာက ဖော်ပြပါတယ်။


တောင်ကိုရီးယား ဘဏ္ဍာရေး ကုမ္ပဏီတွေဟာ နိုင်ငံပြင်ပမှာ ဘဏ်ခွဲပေါင်း ၅၁ ခု ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး နောက်ထပ် ဘဏ်ခွဲ ၁၀ ခုကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တောင်ကိုရီးယား ဘဏ်ခွဲ ၂၂ ခု ရှိနှင့်ပြီး ဖြစ်ပါတယ်။


တိုးတက်မှု အလားအလာ မြင့်တဲ့အတွက် မြန်မာနိုင်ငံဟာ ရေပန်းစားနေတာ ဖြစ်တယ်လို့ FSS က ပြောပါတယ်။ ဈေးကွက် သုတေသနအရ နှစ်စဉ် ဖွံ့ဖြိုးမှုနှုန်း ပျမ်းမျှ ၇ ရာခိုင်နှုန်း ရှိတဲ့အတွက် မြန်မာနိုင်ငံဟာ ကမ္ဘာတစ်လွှားက ဘဏ္ဍာရေး ကုမ္ပဏီတွေကြားမှာ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ နောက်ထပ် အားသာချက်က ပထဝီအနေအထားအရ အားသာမှုဖြစ်ပြီး တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့လို့ ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ကြီးတွေနဲ့ အိမ်နီးနားချင်း ဖြစ်တဲ့အချက် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)