ေသဒဏ္ခ်မွတ္ခံရတဲ့ ျမန္မာႏွစ္ဦးအတြက္ ထိုင္းဘုရင္ထံ အသနားခံစာ တင္မယ္

0
99

ခိုေတာင္ကြ်န္း လူသတ္မႈနဲ႔ ပတ္သက္လို႔ ထိုင္းဗဟိုတရား႐ံုးက မေန႔ ၾသဂုတ္လ ၂၉ ရက္မွာ ျမန္မာလုပ္သား ႏွစ္ဦးရဲ႕ အယူခံကို ပယ္ခ်ၿပီး ေသဒဏ္ကို ဆက္လက္ အတည္ျပဳလိုက္တဲ့အတြက္ ရက္ ၆၀ အတြင္း ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာ တင္မယ္လို႔ ျမန္မာလုပ္သားေတြဘက္က လိုက္ပါေဆာင္ရြက္ေပးေနတဲ့ အဖြဲ႔က ေျပာပါတယ္။ 

၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလက ၿဗိတိန္ ခရီးသြားစံုတြဲျဖစ္တဲ့ ေဒးဗစ္ ေမလာ (၂၄ ႏွစ္) နဲ႔ ဟန္နာ ဝစ္သာရစ္ဂ်္ (၂၃ ႏွစ္) တို႔ ခိုေတာင္ကြ်န္း ေခၚ လိပ္ကြ်န္းမွာ အသတ္ခံရမႈအတြက္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ေဇာ္လင္း (၂၆ ႏွစ္) နဲ႔ ေဝၿဖိဳး (၂၆ ႏွစ္) တို႔မွာ အျပစ္ရွိေၾကာင္း ေအာက္တရား႐ံုးက ဆံုးျဖတ္ခဲ့ၿပီး ဗဟိုတရား႐ံုးကလည္း ဆက္လက္ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ႏြန္သာဘူရီခ႐ိုင္တရား႐ံုးမွာ ဗီဒီယိုကတစ္ဆင့္ ဆံုးျဖတ္ခ်က္ ၾကားနာမႈကို စကားျပန္နဲ႔ ဘာသာျပန္ၿပီးေနာက္ ေဇာ္လင္းနဲ႔ ေဝၿဖိဳးတို႔ကို ဘန္ကဝန္ အက်ဥ္းေထာင္ဆီ ျပန္ပို႔လိုက္ၿပီ ျဖစ္ပါတယ္။ လိပ္ကြ်န္းလူသတ္မႈမွာ အေထာက္အထား ရယူတာနဲ႔ စစ္ေဆးမႈမွာ ႏိုင္ငံတကာ လုပ္ထံုးလုပ္နည္းနဲ႔ မညီညြတ္ဘူးလို႔ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနှစ်ဦးအတွက် ထိုင်းဘုရင်ထံ အသနားခံစာ တင်မယ်


ခိုတောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းဗဟိုတရားရုံးက မနေ့ သြဂုတ်လ ၂၉ ရက်မှာ မြန်မာလုပ်သား နှစ်ဦးရဲ့ အယူခံကို ပယ်ချပြီး သေဒဏ်ကို ဆက်လက် အတည်ပြုလိုက်တဲ့အတွက် ရက် ၆၀ အတွင်း ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်မယ်လို့ မြန်မာလုပ်သားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။


၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဗြိတိန် ခရီးသွားစုံတွဲဖြစ်တဲ့ ဒေးဗစ် မေလာ (၂၄ နှစ်) နဲ့ ဟန်နာ ဝစ်သာရစ်ဂျ် (၂၃ နှစ်) တို့ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ အသတ်ခံရမှုအတွက် မြန်မာ ရွှေ့ပြောင်းလုပ်သား ဇော်လင်း (၂၆ နှစ်) နဲ့ ဝေဖြိုး (၂၆ နှစ်) တို့မှာ အပြစ်ရှိကြောင်း အောက်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဗဟိုတရားရုံးကလည်း ဆက်လက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။


နွန်သာဘူရီခရိုင်တရားရုံးမှာ ဗီဒီယိုကတစ်ဆင့် ဆုံးဖြတ်ချက် ကြားနာမှုကို စကားပြန်နဲ့ ဘာသာပြန်ပြီးနောက် ဇော်လင်းနဲ့ ဝေဖြိုးတို့ကို ဘန်ကဝန် အကျဉ်းထောင်ဆီ ပြန်ပို့လိုက်ပြီ ဖြစ်ပါတယ်။ လိပ်ကျွန်းလူသတ်မှုမှာ အထောက်အထား ရယူတာနဲ့ စစ်ဆေးမှုမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)