စိုက္ပ်ိဳးေရး အေျချပဳ လုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ မေလးရွားကို ျမန္မာ တိုက္တြန္း

0
74

က႑မ်ိဳးစံုမွာ ရွိေနတဲ့ စီးပြားေရး အခြင့္အလမ္းေတြ၊ အထူးသျဖင့္ စိုက္ပ်ိဳးေရးအေျချပဳ၊ အေျခခံအေဆာက္အဦနဲ႔ စက္မႈကုန္ထုတ္ လုပ္ငန္းေတြမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ မေလးရွား စီးပြားေရးသမားေတြကို ျမန္မာက ဖိတ္ေခၚထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈမွာ မေလးရွားက အဆင့္ ရွစ္ေနရာမွာ ရွိၿပီး အမ်ားစုက ကုန္ထုတ္လုပ္ေရး က႑မွာ ရွိေၾကာင္း၊ တျခားက႑ေတြမွာလည္း သြားေရာက္ ရင္းႏွီးသင့္ေၾကာင့္ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမႈ ဦးစီးဌာန၊ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚတင္ေအးဟန္က ဘာနားမား သတင္းဌာနကို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံသူေတြကို အခြန္သက္သာခြင့္ အပါအဝင္ အခြင့္အေရးေတြ ေပးေနေၾကာင္း၊ ျပည္ပ ရင္းႏွီးျမွဳပ္ႏွံသူေတြကို ေဒသခံ စီးပြားေရးလုပ္ငန္းရွင္ေတြ နည္းတူ အခြင့္အေရး မွ်တစြာ ေပးထားေၾကာင္း၊ လတ္တေလာမွာ စုိက္ပ်ိဳးေရး အေျချပဳ စီးပြားေရးလုပ္ငန္းေတြမွာ ရင္းႏွီးျမွဳပ္ႏွံတဲ့ မေလးရွား ကုမၸဏီ တစ္ခုမွ မရွိေသးေၾကာင္းလည္း ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚတင္ေအးဟန္က ေျပာပါတယ္။  

စိုက်ပျိုးရေး အခြေပြု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မလေးရှားကို မြန်မာ တိုက်တွန်း


ကဏ္ဍမျိုးစုံမှာ ရှိနေတဲ့ စီးပွားရေး အခွင့်အလမ်းတွေ၊ အထူးသဖြင့် စိုက်ပျိုးရေးအခြေပြု၊ အခြေခံအဆောက်အဦနဲ့ စက်မှုကုန်ထုတ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မလေးရှား စီးပွားရေးသမားတွေကို မြန်မာက ဖိတ်ခေါ်ထားပါတယ်။


မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ မလေးရှားက အဆင့် ရှစ်နေရာမှာ ရှိပြီး အများစုက ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ရှိကြောင်း၊ တခြားကဏ္ဍတွေမှာလည်း သွားရောက် ရင်းနှီးသင့်ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ဘာနားမား သတင်းဌာနကို ပြောပါတယ်။


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေကို အခွန်သက်သာခွင့် အပါအဝင် အခွင့်အရေးတွေ ပေးနေကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ နည်းတူ အခွင့်အရေး မျှတစွာ ပေးထားကြောင်း၊ လတ်တလောမှာ စိုက်ပျိုးရေး အခြေပြု စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ မလေးရှား ကုမ္ပဏီ တစ်ခုမှ မရှိသေးကြောင်းလည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)