
0
146




ဘင်္ဂလားဒေ့ရှ် အစိုးရ ထောင်ချောက် မိခဲ့တယ်လို့ အတိုက်အခံပါတီ ဝေဖန်


ဘင်္ဂါလီတွေ နေရပ်ပြန်ရေး သံတမန် ဆက်ဆံမှု ကျရှုံးတာကို အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီ အထွေထွေ အတွင်းရေးမှူး မီရာဇာ ဖာရူလ် အစ္စလမ် အလမ်ဂီက ရှိတ်ခ် ဟာဆီနာ အစိုးရဟာ မြန်မာရဲ့ ထောက်ချောက် မိခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။


ဘင်္ဂလားဒေ့ရှ် အစိုးရဟာ မြန်မာကို အားကောင်းတဲ့ ဝေဖန်မှု မလုပ်နိုင်ခဲ့ကြောင်း၊ မြန်မာက လူမျိုးစု ရှင်းလင်းရေး လုပ်ကြောင်း ထုတ်ပြန်ချက်ကိုလည်း မထုတ်နိုင်ခဲ့ကြောင်း၊ ဆိုလိုတာက မြန်မာရဲ့ ထောင်ချောက်ထဲ ဘင်္ဂလားဒေ့ရှ် အစိုးရ ဝင်ခဲ့တာဖြစ်ကြောင်း အတိုက်အခံပါတီ အထွေထွေ အတွင်းရေးမှူးက ဝေဖန်ခဲ့ပါတယ်။


မြန်မာအစိုးရဘက်မှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ ရုရှားတို့ ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ် နောက်မှာ တစ်နိုင်မှ မရှိဘူးလို့လည်း ဖာရူလ်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အိန္ဒိယ၊ တရုတ်တို့နဲ့ ဆက်ဆံရေးကောင်း ရှိတယ်လို့ ပြောပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဘင်္ဂါလီ အကျပ်အတည်းမှာ အဲဒီနိုင်တွေက ဘင်္ဂလားဒေ့ရှ်ကို ဘာကူညီခဲ့လို့လဲဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)