AA နှစ်ပတ်လည် ဂုဏ်ပြု ဘောလုံးပွဲ ကျင်းပသူ နှစ်ဦး ထောင် ၂ နှစ်စီ ကျ

0
332

ရက္ခိုင့်တပ်မတော် (AA) ရဲ့ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘောလုံးပွဲ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က မြတန်ဆောင်းဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ဒီနေ့ သြဂုတ်လ ၃၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ နိရဉ္စရာသတင်းဌာနက ဖော်ပြပါတယ်။

ဓာတ်ပုံ – နိရဉ္စရာ)

ပြီးခဲ့တဲ့ ဧပြီလမှာ ကျရောက်တဲ့ AA ရဲ့ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုပြီး ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပခဲ့ပါတယ်။ သူတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ မြောက်ဦးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ခိုင်နီမင်းက ထောင်ဒဏ် ၂ နှစ်အပြင် မြောက်ဦးရဲစခန်းမှာ ပြဿနာ တစ်ခုဖြစ်ခဲ့တဲ့အတွက် နောက်ထပ် ထောင်ဒဏ် ၆ လကိုပါ တပါတည်း ကျခံရမယ်လို့ နိရဉ္စရာသတင်းဌာနက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)