ယင်းလတ် ထွက်ပြေးရာ လမ်းကြောင်းကို ရှာဖွေမယ့် နိုင်ငံတွေထဲမှာ မြန်မာလည်း ပါ

0
310

တရားရုံးက စီရင်ချက် မချခင် ထွက်ပြေးလွတ်မြောက်သွားတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ် ကို ရှာဖွေရှာမှာ ခြေရာခံမယ့် နိုင်ငံတွေထဲ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူနဲ့ အာရပ်စော်ဘွားများနိုင်ငံတို့ ပါဝင်ပါတယ်။

ဒီနိုင်ငံတွေထဲက နိုင်ငံတစ်ခုကနေ တဆင့် ထွက်ခွာ လွတ်မြောက်သွားတယ်လို့ ယုံကြည်ထားတဲ့အတွက် ထိုင်းအာဏာပိုင်တွေက အဲဒီ ၆ နိုင်ငံက အစိုးရတွေကို ဆက်သွယ် စုံစမ်းနေပါတယ်။

ဆန်စပါး စီမံကိန်းနဲ့ ပတ်သက်လို့ လာဘ်စားတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ယင်းလတ်ကို ရှာဖွေဖို့ ထိုင်းနယ်စပ်ဂိတ်တွေကို စစ်ဆေးနေတဲ့အပြင် အဲဒီ ၆ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးဌာနတွေကိုလည်း သံတမန် လမ်းကြောင်းကနေ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မနေ့က သြဂုတ်လ ၂၉ ရက်မှာ ပြောပါတယ်။

ထိုင်းအနေနဲ့ ယင်းလတ် ခှိုလှုံခွင့်တောင်းမယ်လို့ ယူဆကြတဲ့ ဗြိတိန်ကိုတော့ ဆက်သွယ်ခြင်း မရှိပါဘူး။ ယင်းလတ်ဟာ ခိုလှုံခွင့် တောင်းခံဖို့ အရည်အချင်း ပြည့်မီနိုင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ သူသံသယရှိတဲ့အတွက် မဆက်သွယ်ဘူးလို့ ဝန်ကြီးချုပ် ယရာယွတ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)