ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခွင့်ရရေး ညှိနှိုင်းစည်းဝေး

0
357

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံပြင်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ကြိုတင် ဆန္ဒမဲပေးခွင့် ရရှိမှာပါ။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်တွေ တက်ရောက် ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသား မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်များ ပုံစံ (၁၅) ကို ဩဂုတ် ၅ ရက်မတိုင်မီ ဖြည့်စွက် ပေးပို့ကြဖို့ နှိုးဆော်ရေး၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ စိစစ်ပြီးတဲ့ ပုံစံ (၁၅) တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ ပြန်လည်ပေးပို့ရေး၊ ကြိုတင် ဆန္ဒမဲလက်မှတ်တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ သက်ဆိုင်ရာနိုင်ငံတွေက ချမှတ်ထားတဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးတို့ကို မှာကြားပါတယ်။


_________________

_________________


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံပြင်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ကြိုတင် ဆန္ဒမဲပေးခွင့် ရရှိမှာပါ။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်တွေ တက်ရောက် ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသား မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်များ ပုံစံ (၁၅) ကို ဩဂုတ် ၅ ရက်မတိုင်မီ ဖြည့်စွက် ပေးပို့ကြဖို့ နှိုးဆော်ရေး၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ စိစစ်ပြီးတဲ့ ပုံစံ (၁၅) တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ ပြန်လည်ပေးပို့ရေး၊ ကြိုတင် ဆန္ဒမဲလက်မှတ်တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ သက်ဆိုင်ရာနိုင်ငံတွေက ချမှတ်ထားတဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးတို့ကို မှာကြားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာ လေကြောင်းတွေ ရပ်နားထားလို့ ပုံစံ (၁၅) တွေ၊ ဆန္ဒမဲပြားတွေနဲ့ ဆန္ဒပြုပြီး မဲလက်မှတ်တွေကို အချိန်မီပေးပို့ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ အချိန်မီ ချိတ်ဆက်ပေးပို့ရေး အစီအမံတွေ တင်ပြဖို့၊ ကြိုတင်ဆန္ဒမဲပေးမှုလုပ်ငန်း လမ်းညွှန်တွေကို မြန်မာသံ အမတ်ကြီးတွေနဲ့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်ပြီး ရှင်းလင်းပြောကြားကြဖို့၊ သံရုံးစိုက်ရာ အိမ်ရှင်နိုင်ငံရဲ့ ခွင့်ပြုချက်ရရှိပါက မဲရုံတွေ တိုးချဲ့ဖွင့်လှစ်ရေး ညှိနှိုင်း ဆောင်ရွက်ကြဖို့၊ ရွေးကောက်ပွဲ လေ့လာလိုတဲ့ နိုင်ငံခြားသံရုံးတွေ၊ ပြည်ပလေ့လာသူတွေကို ကူညီပံ့ပိုးရေးကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)