နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ မြန်မာနိုင်ငံသား ၅၀၄ ဦး မြဝတီမြို့က တစ်ဆင့် ဝင်ရောက်လာ

0
232

ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံသား ၅၀၄ ဦးဟာ မေလ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကနေ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လာတယ်လို့ အစိုးရမီဒီယာက ကြေညာထားပါတယ်။

မြန်မာနိုင်ငံအတွင်းကို ပြန်လည် ဝင်ရောက်လာတဲ့သူတွေဟာ အသွားအလာ ကန့်သတ်မှုကို ၂၁ ရက်ကြာ ခံရမှာဖြစ်ပါတယ်။


__________________

__________________

နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ မြန်မာနိုင်ငံသား ၅၀၄ ဦး မြဝတီမြို့က တစ်ဆင့် ဝင်ရောက်လာ

ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံသား ၅၀၄ ဦးဟာ မေလ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကနေ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လာတယ်လို့ အစိုးရမီဒီယာက ကြေညာထားပါတယ်။

မြန်မာနိုင်ငံအတွင်းကို ပြန်လည် ဝင်ရောက်လာတဲ့သူတွေဟာ အသွားအလာ ကန့်သတ်မှုကို ၂၁ ရက်ကြာ ခံရမှာဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကနေ မေလ ၃၀ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ ၉၄၈၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)