ရခိုင်အရေး အချက်အလက် ရှာဖွေရေးအဖွဲ့ကို အိန္ဒိယ နိုင်ငံသား ဦးဆောင်မယ်

0
289

ရခိုင်ပြည်နယ် မွတ်စလင်အရေးနဲ့ ပတ်သက်လို့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို အိန္ဒိယ လူ့အခွင့်အရေး ရှေ့နေတစ်ဦး ခေါင်းဆောင်ပြီး တခြား ကျွမ်းကျင်သူ နှစ်ဦးနဲ့ ကုလသမဂ္ဂက ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ နယ်မြေ ရှင်းလင်းရေးတွေ လုပ်စဉ်မှာ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ နှိပ်စက်တာတွေ ရှိတယ်လို့ စွပ်စွဲထားတဲ့အတွက် အခုလို အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖွဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ကို ဦးဆောင်မယ့်သူက အင်ဒီရာ ဂျိုင်ဆင်းဖြစ်ပြီး အိန္ဒိယ ဗဟိုတရားရုံးက ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ တခြား နှစ်ဦးကတော့ သီရိလင်္ကာ နိုင်ငံသား ဟားဗတ်တက္ကသိုလ်ဆင်း ရှေ့နေ ရာဒီကာ ကုမာရာဆွာမိနဲ့ သြစတြေးလျနိုင်ငံသား အတိုင်ပင်ခံ ခရစ္စတိုဖာ ဒေါမနစ်တို့ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်ကလို့ ဆိုတဲ့ မွတ်စလင် ဒုက္ခသည် ၇ သောင်းခွဲဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ရခိုင်အရေး အချက်အလက်ရှာဖွေရေး အဖွဲ့ ဖွဲ့ဖို့ ပြီးခဲ့တဲ့ မတ်လမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို အဖွဲ့ဖွဲ့ဖို့ ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယက ထောက်ခံပါဝင်ခြင်း မရှိခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက အဲဒီအချက်အလက် ရှာဖွေရေးအဖွဲ့ကို မထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ ကော်မရှင်နဲ့ ရခိုင်ပဋိပက္ခအရေး အဖြေရှာနေကြောင်း တုံ့ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)