တရုတ်တစ်ဦးကို ရိုက်မှုနဲ့ မြန်မာတစ်ဦး စင်ကာပူမှာ အဖမ်းခံရ

0
345

လုပ်ဖော်ကိုင်ဘက် တရုတ်အလုပ်သမား တစ်ဦးရဲ့ ခေါင်းကို သတ္တုချောင်းနဲ့ ရိုက်မှုကြောင့် မြန်မာတစ်ဦး စင်ကာပူနိုင်ငံမှာ ထောင်ဒဏ် ၃ လ ချမှတ်ခံလိုက်ရပါတယ်။

SC Auto မှာ အလုပ်လုပ်တဲ့ ဝရိန်သမား အသက် ၅၀ အရွယ် ကျော်ကျော် ဆိုသူဟာ တရုတ်နိုင်ငံသား ဝေဟန်ဇူ ဆိုသူကို သတ္တုချောင်းနဲ့ ရိုက်လိုက်တဲ့အတွက် သတိလစ်ပြီး ခေါင်းပေါက်သွားခဲ့ပါတယ်။ အဲဒီအတွက် တရားရုံးက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၃ လ ချမှတ်ခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျော်ကျော်ရဲ့ ရှေ့နေ ဝီလ်ဘာ လင်းက ဒီရန်ဖြစ်မှုဟာ တရုတ်နိုင်ငံသား ဝေက ကာလရှည်ကြာစွာ ရန်စမှု အရင်းခံကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ကုမ္ပဏီမှာ အလုပ်စဝင်စဉ်က စက်လည်ပတ်မှုကို ဝေ ထံမှာ သင်ခိုင်းခဲ့ပေမယ့် ဝေက သူ့ကို ပြိုင်ဘက်လို သဘောထားပြီး အပြည့်အစုံသင်မပေးခဲ့တာမျိုးလည်း ရှိတယ်လို့ ရှေ့နေက ဆက်ပြောပါတယ်။ စက်သော့ကို ဖွက်ထားတာ မျိုးတွေ၊ ကုန်ချောဖြစ်ခါနီးမှ ဖျက်စီးတာမျိုးတွေ ဝေက လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)