စစ်တွေမှာ မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြိုကျ ပျက်စီးမှုတွေ ဖြစ်ပွား

0
435

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မိုရာ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် အိမ်၊ သစ်ပင်နဲ့ ဆိုင်းဘုတ်တွေ ပြိုလဲပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ – NYUNT WIN/EPA

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုရာ ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းတို့မှာ တိုက်ခတ်တာဖြစ်ပြီး မိုးလည်း သည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြသူတွေကို မေလ ၃၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – NYUNT WIN/EPA)

ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းရပြီး ပြိုလဲ ပျက်စီးမှုတွေကို ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြိုလဲသွားတဲ့ ဆိုင်းဘုတ်ကို ပြုပြင်နေတဲ့ အလုပ်သမား တစ်ဦး (ဓာတ်ပုံ – NYUNT WIN/EPA)
မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေမြို့မှာ ပြိုလဲနေတဲ့ ဆိုင်းဘုတ်တွေကို မေလ ၃၀ ရက်မှာ တွေ့ရစဉ် (ဓာတ်ပုံ – NYUNT WIN/EPA)
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)